Monday, July 30, 2012

ပါကစ္စတန်-အမေရိကန် နားလည်မှုစာချွန်လွှာတွင် အာဖဂန်အမျိုးသားတပ်မတော်အတွက်သာ လက်နက်ပစ္စည်းများပေးပို့ရန်ခွင့်ပြုခဲ့ခြင်း

Posted by drmyochit Monday, July 30, 2012, under | No comments



Xinhuanet.com;July-27(Fri)
          နေတိုး ထောက်ပံ့ရေး လမ်းကြောင်း ကိစ္စနှင့်စပ် လျဉ်း၍ ပါကစ္စတန် နှင့်အမေရိကန် နိုင်ငံအကြား ပြုလုပ်ခဲ့သော နားလည်မှု စာချွန်လွှာ အရ ပါကစ္စတန် နိုင်ငံကို ဖြတ်ကျော်၍ စစ်ပစ္စည်းများ သယ်ယူ ပို့ဆောင်ခြင်းကို အာဖဂန် အမျိုးသား တပ်မတော် တစ်ခုတည်း အတွက်သာ သီးသန့်ခွင့် ပြုခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဇူလိုင်လ  ၂၆ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ နားလည်မှု စာချွန်လွှာ မူကြမ်းတွင် အာဖဂန် နစ္စတန်၌ တပ်ဖြန့်ချထားသည့် နေတိုး ဦးဆောင်သော နိုင်ငံတကာ လုံခြုံရေး အထောက်အကူ ပြုတပ်ဖွဲ့ (International Security Assistance Force-ISAF) အတွက် ကုန်ပစ္စည်းများ သယ်ဆောင်မည့် ကုန်တင်ယာဉ် များသည် ကုန်းလမ်းကြောင်း ၂ ခုကို အသုံးပြုမည် ဖြစ်ကြောင်း ဖော်ပြထား ပါသည်။
          ပါကစ္စ တန်အစိုးရ ဝန်ကြီးအဖွဲ့ က၄င်းသဘော တူညီချက်ကို ဇူလိုင်လ ၂၆ ရက်နေ့တွင် အတည် ပြုခဲ့ပြီးနောက် အဆိုပါ နားလည်မှု စာချွန်လွှာကို မကြာမီတွင် လက်မှတ် ရေးထိုးသွား မည်ဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံခြား ရေးဝန်ကြီး ဌာနက ဇူလိုင်လ ၂၆ ရက်နေ့ တွင်ပြောကြား ခဲ့ပါသည်။ နားလည်မှု စာချွန်လွှာ မူကြမ်းတွင် ကုန်တင်ယာဉ်များ အနေဖြင့် ကုန်ပစ္စည်း ရွှေ့ပြောင်းတင်/ချမှုများ ပေးဆောင် ရမည်ဖြစ် သော်လည်း ကုန်သေတ္တာ များအတွက် အခွန်အခ ပေးဆောင်ရမည် မဟုတ်ကြောင်း၊ ကုန်ပစ္စည်းများ လျင်မြန်စွာ လွှဲပြောင်း ပေးပို့ရေး အတွက်လည်း အခွန်အခ များထပ်မံပေး ဆောင်စေမည် မဟုတ်ကြောင်း ဖော်ပြထား ပါသည်။
          တောင်ဘက်လမ်းကြောင်း အနေဖြင့် ကရာချိ ဆိပ်ကမ်းမြို့မှ တစ်ဆင့် ဘလူချီစ တန်ပြည်နယ်ရှိ ချာမန် မြို့ကိုဖြတ်ကာ အာဖဂန် နစ္စတန်သို့ သွားရောက်သည့် လမ်းကြောင်းဖြစ်ပြီး မြောက်ဘက်လမ်းကြောင်း အနေဖြင့် ကရာချိမြို့မှ တစ်ဆင့် ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ တော်ခန်မြို့ ကိုဖြတ်ကာ အာဖဂန် နစ္စတန်သို့ သွားရောက်သည့် လမ်းကြောင်း ဖြစ်ပါသည်။ ပါကစ္စတန် နိုင်ငံအနေဖြင့် ကုန်ပစ္စည်း များလုံခြုံရေး နှင့် လျင်မြန်စွာ လွှဲပြောင်း ပေးပို့ရေး အတွက် အဆောက်အဦများ၊ လိုအပ်သည့် အထောက်အပံ့ များပေးအပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်