Monday, July 30, 2012

အမေရိကန်ရေတပ် ဆေးရုံသင်္ဘောသည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအတွက် ကမ္ဘောဒီးယားနိုင်ငံဆိပ်ကမ်းသို့ ရောက်ရှိမည်ဆိုခြင်း

Posted by drmyochit Monday, July 30, 2012, under | No comments


Xinhuanet.com;July-26(Thu)
          အမေရိကန် ရေတပ်မှ ဆေးရုံသင်္ဘော USNS Mercy (T-AH19) သည် ကမ္ဘောဒီးယား နိုင်ငံတစ်ဝန်းလုံး ရှိအဖွဲ့အစည်း များအား ဆေးဘက် ဆိုင်ရာကုသမှု၊ သွားဘက် ဆိုင်ရာကုသမှု၊ တိရစ္ဆာန် ဆေးကုသမှု နှင့် အင်ဂျင်နီယာ ဆိုင်ရာ အကူအညီများ အခမဲ့ ထောက်ပံ့ ကူညီရန် အတွက် ယခု သီတင်းပတ် အကုန် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကမ္ဘောဒီးယား နိုင်ငံ Sihanoukville Autonomous ဆိပ်ကမ်း၌ ကျောက်ချ ရပ်နားရန် စီစဉ်ထားကြောင်း အမေရိကန် သံရုံးမှ ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်သော သတင်းတစ်ရပ် အရ သိရှိရ ပါသည်။ အဆိုပါ သင်္ဘောခရီး စဉ်သည် ပစိဖိတ် မိတ်ဖက် အစီအစဉ် -၂ဝ၁၂ (Pacific Partnership Program-2012) အောက်ရှိ အစီအစဉ် တစ်ရပ်ဖြစ်လာ မည်ဖြစ်ပါသည်။ သင်္ဘောပေါ်တွင် နိုင်ငံပေါင်းစုံမှ စစ်ဘက် အမှုထမ်းများနှင့် အရပ်သား ၁,၂ဝဝ ကျော်ပါဝင်ကြောင်း အမေရိကန် သံရုံးမှ ထုတ်ပြန်သော သတင်းတွင် ဖော်ပြထားပါသည်။
          ပစိဖိတ် မိတ်ဖက် အစီအစဉ်သည် အာရှ-ပစိဖိတ် ဒေသတွင် အမေရိကန်-ပစိဖိတ် ရေယာဉ်စု၏ နှစ်စဉ် ပြုလုပ်သော အကြီးဆုံး လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေး မစ်ရှင် ဖြစ်ပါသည်။ ၄င်းအစီ အစဉ်တွင် အိမ်ရှင် နိုင်ငံနှင့် မိတ်ဖက် နိုင်ငံများ အကြား ပူးပေါင်း ဆောင်ရွက်မှုများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်း များပါဝင် ကြပါသည်။ အဆိုပါ ဆေးရုံ သင်္ဘောသည် သြဂုတ်လ ၁၁ ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံဆိပ်ကမ်းတွင် ကျောက်ချရပ်နား သွားမည် ဖြစ်ပါသည်။
          ဆေးရုံ သင်္ဘောကျောက်ချ ရပ်နားစဉ် အတွင်း သင်္ဘော ဝန်ထမ်းများသည် ဆေးဘက် ဆိုင်ရာ အခမဲ့ကုသ စောင့်ရှောက် မှုများအပြင် အမေရိကန်-ပစိဖိတ် ရေယာဉ်စု ခေတ်ပေါ် တေးဂီတ အဖွဲ့သည် ၂ ရက်ကြာ ဖျော်ဖြေမှု များပြုလုပ် ပေးသွားမည် ဖြစ်ပါသည်။ ကမ္ဘောဒီးယား နိုင်ငံသည် ၂ဝ၁ဝ ပြည့်နှစ် ပစိဖိတ် မိတ်ဖက် အစီအစဉ်တွင် လူပေါင်း ၁၄,ဝဝဝ ကျော်အား လက်ခံ၍ အခမဲ့ ဆေးကုသမှု များအား အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက် ပေးခဲ့သော ပထမဆုံး နိုင်ငံဖြစ်ပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်