Tuesday, July 17, 2012

အီဂျစ်တပ်မတော်ဦးသျှောင်ကောင်စီအကြီးအကဲနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း

Posted by drmyochit Tuesday, July 17, 2012, under | No comments


Xinhuanet.com;July-16(Mon)

အီဂျစ်တပ်မတော်ဦးသျှောင်ကောင်စီအကြီးအကဲ  Hussein Tantawi သည် အီဂျစ်နိုင်ငံတွင် ၂ ရက်ကြာ ချစ်ကြည်ရေးခရီးရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဇူလိုင်လ ၁၅ ရက်နေ့က ဆွေးနွေးမှုများပြုလုပ်သွားကြောင်း သိရှိရပါသည်။ အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် နည်းလမ်းများသာမက ဒေသတွင်းနှင့် အီဂျစ်နိုင်ငံအတွင်း နောက်ဆုံးဖွံ့ဖြိုးတိုးတက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ အမေရိကန်အနေဖြင့် အီဂျစ်နှင့် 0x158င်းတို့၏ နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားကြောင်း ကလင်တန်က အခိုင်အမာပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် အီဂျစ်တပ်မတော်ဦးသျှောင်ကောင်စီ အဖွဲ့ဝင်အခိျု့နှင့် အီဂျစ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး  Anne Patterson တို့ တက်ရောက်ခဲ့ကြပါသည်။ 


ကလင်တန်သည် ကိုင်ရိုမြို့ရှိ အမေရိကန်သံရုံးတွင် ထင်ရှားသောခရစ်ယာန်ဘာသာဝင်အခိျု့နှင့်လည်း တွေ့ဆုံခဲ့ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် အခြားသူများကို အထိအခိုက်ခံ၍ မည်သည့်ပါတီ၊ သို့မဟုတ် မည်သည့်ဂိုဏ်းဂဏအဖွဲ့အစည်းကိုမှ မထောက်ခံကြောင်း အီဂျစ်နိုင်ငံမြောက်ပိုင်း  Alexandria မြို့တွင်ပြုလုပ်သော အမေရိကန်ကောင်စစ်ဝန်ရုံးဖွင့်ပွဲအခမ်းအနားတစ်ခုတွင်  ကလင်တန်က ပြောကြားခဲ့ပါသည်။ စစ်မှန်သောဒီမိုကရေစီ အား အမေရိကန်နိုင်ငံကထောက်ခံကြောင်း ကလင်တန်က အတည်ပြုပြောကြားခဲ့ပါသည်။ ဒီမိုကရေစီစနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မရှိသော်လည်း ပြည်သူများ၏ နှလုံးသားနှင့်စိတ်ထဲတွင်ရှိကြောင်း ကလင်တန်က ထပ်လောင်းပြောကြားခဲ့ပါသည်။
ကလင်တန်သည် ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက နှစ်နိုင်ငံဆက်ဆံရေးများမြှင့်တင်ရန် အီဂျစ် သမ္မတ  Mohamed Morsi နှင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ ကလင်တန်သည် ၎င်း၏ ၂ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အတွက် ဇူလိုင်လ ၁၄ ရက်နေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ရောက်ရှိနေခဲ့ကြောင်း သိရှိရ ပါသည်။ သူမသည် ဇွန်လ ၃ဝ ရက်နေ့က  Mohamed Morsi သမ္မတရာထူးလက်ခံရယူခဲ့ပြီးနောက်ပိုင်း အီဂျစ် နိုင်ငံသို့ လာရောက်သော အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်