Tuesday, July 17, 2012

အယုံလွယ်သူများ ကောလာဟလသတိပြု

Posted by drmyochit Tuesday, July 17, 2012, under | No comments



 အကြားနဲ့တင် အစိုးရအကြည်အညိုပျက်အောင်လုပ်နေတဲ့ မဲလက်မှတ်မှာ ဖယောင်းသုတ်ပါတယ် ဆိုတဲ့ ခပ်ညံ့ညံ့အယုံလွယ်သူ နိုင်ငံရေးပါတီဝင်များအတွက်  ပုံပြင်လေးတစ်ပုဒ်ပါ- တစ်ခါတုန်းက ဆင်းရဲသား ရပ်ကွက်ကို ပြောင်းလာတာ ၃-၄ ရက်ပဲရှိသေးတဲ့ ဆင်းရဲသားလင်မယား ၂ ယောက်ဟာ လင်မယား စကားများ ရန်ဖြစ်ကြသတဲ့၊ ဒါကို ဘေးအိမ်ကလူတစ်ယောက်က ရန်ဖြစ်သံကို နားထောင်နေသတဲ့ ခဏကြာတော့ အဲဒီလင်မယားက ကွာရှင်းမယ်၊ စီးပွားခွဲမယ်လို့ ပြောသံကြားရတယ် ဒီဘက်အိမ်ကလူလည်း ဆက်ပြီး နားထောင် နေတာပေါ့.. ဆက်လက်ပြီး မိန်းမလုပ်သူက ပြောသံကြားရတယ် '' ရှင်က ကား ၃ စီးယူ ကျွန်မက ကား ၃ စီး ယူမယ် '' လိုပြောသံကြားရတယ်..ဒီဘက်အိမ်က နားထောင်သူလည်း  အံ့သြသွားတယ် .. '' ဒီလင်မယား ပြောင်းလာတာမကြာသေးပါဘူး ဆင်းလည်းဆင်းရဲပါတယ် ဒို့လိုပါပဲ ဘယ်ကကားတွေရလာတာလဲ '' လို့ တွေးရင်း ဆက်နားထောင်နေတယ်. အဲ့ဒီအခါမှာပဲ စီးပွားခွဲနေတဲ့မိန်းမက ဆက်ပြောတယ်..'' ရော့ ရှင်က သေနတ်         ၂ လက်ယူ ကျွန်မလဲ ၂ လက်ယူမယ် '' .. လို့ ကြားလိုက်ရပြန်တယ် (နားနဲ့တိုက်ရိုက် ကြားရတယ်နော်) ဖယောင်းသုတ်တယ်ဆိုတဲ့ တစ်ဆင့်စကားမဟုတ်ဘူး၊ အဲ့ဒီအချိန်မှာ ဒီဘက်အိမ်ကနားထောင်နေတဲ့သူက တော်တော်လန့်သွားတယ်.. '' ဒီလင်မယား တခြားနေရာမှာ ဓားပြတိုက်စားနေပြီး ဒို့ရပ်ကွက်ထဲလာ.. မွဲချင် ယောင်ဆောင်နေတာပဲ ဖြစ်မယ်လို့ '' .. တွေးလိုက်မိတယ်၊ ဒါနဲ့သေချာအောင် သွားချောင်းကြည့်ဦးမှပဲဆိုပြီး အိမ်ထရံပေါက်ကနေချောင်းကြည့်လိုက်မှ ... ပွဲဈေးမှာ အရုပ်ရောင်းတဲ့ အရုပ်သည်လင်မယားက အရုပ်ကားနဲ့ အရုပ်သေနတ်တွေကို စီးပွားခွဲနေတာတွေ့လိုက်ရတယ်တဲ့ .. ပုံပြင်လေးက ဒီလောက်ပါပဲ။ ဒီပုံပြင်က ဘာကို သင်ခန်းစာပေးသလဲဆိုရင် ကိုယ်တိုင်နားနဲ့ တိုက်ရိုက်ကြားရတာတောင် ယုံထင်ကြောင်ထင်ဖြစ်မိတယ်.. ကိုယ့်မျက်စိနဲ့တိုက်ရိုက်ကြည့်လိုက်မှ အမှန်ကိုသိလိုက်ရတာဖြစ်တယ် ဒါကြောင့် ပြောတိုင်း ကြားတိုင်း ကိုယ်မမြင်ရဘဲနဲ့ အယုံလွယ်သူများ၊ ကောလာဟလကိုယုံကြသူများ.. အမြင်အသိမှန်စေဖို့ တင်ပြလိုက်ပါတယ်။





0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်