Tuesday, July 17, 2012

ဖိလစ်ပိုင်အစိုးရနှင့် သူပုန်များအကြား ဆွေးနွေးမှုများပြန်လည်စတင်မည်ဆိုခြင်း

Posted by drmyochit Tuesday, July 17, 2012, under | No comments


Xinhuanet.com;July-16(Mon)

ဖိလစ်ပိုင်အစိုးရနှင့် မိုရိုအစ္စလာမ္မစ်လွတ်မြောက်ရေးတပ်ဦး (MILF) တို့အကြား တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဇူလိုင်လ ၁၆ ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ပြန်လည်စတင်မည်ဖြစ်ပြီး  နှစ်ဖက်စလုံးအနေဖြင့်  အရေးပါသောကိစ္စရပ်များအပေါ် ဆက်လက်ဆွေးနွေးမှုပြုလုပ်မည်ဟုမျှော်လင့်ရကြောင်း မိုရိုအစ္စလာမ္မစ် လွတ်မြောက်ရေးတပ်ဦး  (MILF) မှ ငြိမ်းချမ်းရေးဆွေးနွေးမှုအကြီးအကဲ  Jun Mantawil က ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံ   Maguindanao ပြည်နယ်ရှိ Darapanan  စခန်း၌ ဇူလိုင်လ ၆ ရက်နေ့မှ ၉ ရက်နေ့အထိပြုလုပ်ခဲ့သော  မိုရိုခေါင်းဆောင်များညီလာခံအား အောင်မြင်စွာကျင်းပပြုလုပ်ပြီးနောက် ၂၉ ကြိမ် မြောက် အစိုးရနှင့် MILF တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း  Mantawil က ထပ်လောင်းပြောကြားခဲ့ပါသည်။ 

 
မွတ်စလင်ခေါင်းဆောင်များအစည်းအဝေးတွင်MILF ဥက္ကဌ AL Haj  Murad Ebrahim က မကြာမီ အစိုးရနှင့်ပြုလုပ်သောဆွေးနွေးမှုတွင် ရှေ့ဆက်လုပ်ဆောင်ရမည့်လမ်းပြမြေပုံ၊ အာဏာမျှဝေရေး၊ ချမ်းသာြွကယ်ဝမှုမျှဝေရေး၊ နယ်မြေပိုင်းခြားမှု၊ အခြေခံဥပဒေအပါအဝင် အခြားသောကိစ္စရပ်အများအပြား အားဆွေးနွေးမည်ဟု ပြောကြားခဲ့ပါသည်။ အစိုးရနှင့် MILF တို့၏ နောက်ဆုံးဆွေးနွေးမှုကို မေလအတွင်းက ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် မလေးရှားနိုင်ငံ၏ကြားဝင်စေ့စပ်ပေးမှုဖြင့် ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ နှစ်ဖက်စလုံးက တရားဝင်ဆွေးနွေးမှုများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်