Tuesday, July 17, 2012

ပြင်သစ်ပါတီမှ မက်ဒေါနားအား တရားစွဲဆိုမည်ဆိုခြင်း

Posted by drmyochit Tuesday, July 17, 2012, under | No comments


Aljazeera.com;July-15(Sun)

အသက် ၅၃ နှစ်အရွယ်ရှိ အဆိုတော်မက်ဒေါနားအား ပဲရစ်မြို့ရှိ ဖျော်ဖြေတင်ဆက်မှုဗွီဒီယိုတွင် သူမ၏နဖူး၌ နာဇီအမှတ်လက္ခဏာစကြာတံဆိပ်အသုံးပြုထားမှုနှင့် ပြင်သစ်ရှေးဦးအမျိုးသားရေးပါတီ ခေါင်းဆောင် ပုံများထည့်သွင်းဖော်ပြမှုကြောင့် တရားစွဲဆိုရန်စီစဉ်လျက်ရှိပါသည်။ မက်ဒေါနား၏ ကမ္ဘာလှည့်သီဆို သရုပ်ဖော် တင်ဆက်မှုတွင် ပါတီခေါင်းဆောင် Marine Le Pen ၏ပုံရိပ်များအားထည့်သွင်းဖော်ပြခဲ့ကြောင်း၊ သီဆိုမှု ရပ်နားစဉ် ပြကွက်များတွင်ဖော်ပြခဲ့သဖြင့် ထည့်သွင်းဖော်ပြမှုမပြုရန် ပါတီမှယခင်ကတားမြစ်ခဲ့ပြီး ဥပဒေကြောင်းအရ တရားစွဲဆိုမည်ဖြစ်ကြောင်း သတိပေးခဲ့ပြီးဖြစ်ပါသည်။ လာမည့်ရှေ့အပတ်တွင် ၎င်းစော်ကားမှုအတွက် ပြင်သစ် တရားရုံးသို့ အမှုဖွင့်တိုင်ကြားသွားမည်ဖြစ်ကြောင်း ရှေးဦးအမျိုးသားရေးပါတီပြောခွင့်ရပုဂ္ဂိုလ် Alin Vizer က ပြောကြားခဲ့ပါသည်။ တင်ဆက်ဖျော်ဖြေမှုတွင် Le Pen ၏မျက်နှာအား လျှပ်တပြတ်ဖော်ပြပြီးနောက် ဟစ်တလာ နှုတ်ခမ်းမွေးတပ်၍ သူမဖျော်ဖြေခဲ့ပါသည်။ Le Pen မှာ သူမ၏အဖေဖြစ်သူ Jean Marie ထံမှ ပါတီအား အမွေ ဆက်ခံခဲ့သူဖြစ်ပြီး ပါတီ၏အရိပ်မဲကြီးဖြစ်နေသည့် လူမျိုးကြီးဝါဒနှင့် ဂျူးဆန့်ကျင်ရေးတို့အား ဖယ်ရှားပစ် ရန်ကြိုးစားနေသူ ဖြစ်ပါသည်။ မကြာသေးမီက သမ္မတနေရာအတွက် ယှဉ်ပြိုင်မှုတွင် ရှုံးနိမ့်ခဲ့သူဖြစ်ပါသည်။ မက်ဒေါနားမှာအောင်မြင်ကျော်ကြားလိုသူဖြစ်ပြီး မိမိတို့၏ပါတီအား ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းမှာ မထူးဆန်း ကြောင်း နှင့် ၁၉၉ဝခုနှစ် မတ်လ တိုရန်တိုမြို့ Skydom  ဖျော်ဖြေစဉ်တွင်လည်း မဖွယ်မရာပြုမှုဖြင့် ဖမ်းဆီးမှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်