Tuesday, July 17, 2012

အစ္စရေးမောင်းသူမဲ့လေယာဉ်တစ်စီးသည် လက်ဘနွန်နိုင်ငံအရှေ့ပိုင်း၌ ပျက်ကျခဲ့သည်ဆိုခြင်း

Posted by drmyochit Tuesday, July 17, 2012, under | No comments


PressTV.com;July-15(Sun)

အစ္စရေးမောင်းသူမဲ့သူလှျိုလေယာဉ်တစ်စင်းသည် လက်ဘနွန်နိုင်ငံအရှေ့ပိုင်းတွင် ပျက်ကျခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင်သတင်းဌာနများ၏အဆိုအရ သိရှိရပါသည်။ အဆိုပါမောင်းသူမဲ့လေယာဉ်သည် လက်ဘနွန် နိုင်ငံ  Baalbek ဒေသရှိ Younin ကျေးရွာတွင် ဇူလိုင်လ ၁၄ ရက်နေ့၌ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း လက်ဘနွန် အမျိုးသားသတင်းဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ လက်ဘနွန်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် Baalbek ဒေသသို့ ဝန်းရံပိတ်ဆို့ခဲ့ပြီး တာဝန်ရှိသူများသည် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပါသည်။ ၎င်းမောင်းသူမဲ့ သူလှျိုလေယာဉ်သည် အစ္စရေးနိုင်ငံကပိုင်ဆိုင်သောလေယာဉ်ဖြစ်ကြောင်း သတင်းအရင်းအမြစ် များက ထုတ်ပြန်ကြေညာခဲ့ပါသည်။
၂ဝဝ၆ ခုနှစ်အတွင်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်(၁၇ဝ၁)ကို ချမှတ်ပြဋ္ဌာန်း ခဲ့သော်လည်း အစ္စရေးကင်းထောက်လေယာဉ်များသည် လက်ဘနွန်လေပိုင်နက်အတွင်း အမြဲတမ်းဝင်ရောက် ကျူးကျော်မှုများပြုလုပ်ခဲ့ပါသည်။ လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကိုလေးစားရန် အဆိုပါကုလသမဂ္ဂဆုံးဖြတ်ချက်က အစ္စရေးနိုင်ငံအား တောင်းဆိုထားခြင်းဖြစ်ပါသည်။ လက်ဘနွန်ပိုင်နက်သို့ အစ္စရေးနိုင်ငံမှ ကျူးကျော်ဝင်ရောက်မှုများနှင့်ပတ်သက်သည့် အထောက်အထား ၇,ဝဝဝ ကျော်ပါဝင်သည့် တိုင်ကြားချက်အား လက်ဘနွန်နိုင်ငံမှ ကုလသမဂ္ဂသို့ ၂ဝဝ၉ ခုနှစ်တွင် တိုင်ကြားခဲ့ကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်