Xinhuanet.com;July-15(Sun)
ဆူဒန်နှင့်တောင်ဆူဒန်နိုင်ငံတို့သည်
၎င်းတို့၏နယ်စပ်နှင့် ရေနံအခွန်ဝင်ငွေခွဲဝေမှုများနှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းနေစဉ် နှစ်နိုင်ငံခေါင်းဆောင်များသည်
စစ်အင်အားအသုံးပြုခြင်းအပါအဝင် မည်သည့်ပဋိပက္ခ မျိုးကိုမဆို ရှောင်ရှားရန် သဘောတူညီခဲ့ကြပါသည်။
ဆူဒန်သမ္မတ Omar Hassan al-Bashir နှင့် တောင်ဆူဒန်
သမ္မတ Salva Kiir တို့သည် အီသီယိုးပီးယားနိုင်ငံ အဒစ်အဘာဘာမြို့၌ပြုလုပ်သော
အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် အထက်ပါအတိုင်း ကတိကဝတ်ပြုခဲ့ကြခြင်းဖြစ်ပါသည်။
နှစ်နိုင်ငံငြိမ်းချမ်းမှု ဆောင်ရွက်ရန် တိုက်တွန်းမှုများပြုလုပ်နေစဉ် နှစ်နိုင်ငံခေါင်းဆောင်များသည်
အထက်ပါအတိုင်း ကတိပြုခဲ့ခြင်း ဖြစ်ပါသည်။
ဆူဒန်နှင့်တောင်ဆူဒန်နိုင်ငံတို့သည်
နယ်စပ်အငြင်းပွားမှုနှင့်ပတ်သက်၍ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး နောက် ဧပြီလအတွင်းရင်ကြားစေ့မှုပြန်လည်ရရှိခဲ့ကြပါသည်။
ဆူဒန်နှင့် တောင်ဆူဒန်နိုင်ငံတို့သည် ၎င်းတို့၏ လုံခြုံရေးဆိုင်ရာအရေးကိစ္စများအား ငြိမ်းချမ်းစွာမဖြေရှင်းနိုင်ခဲ့လျှင်
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးယူ ပိတ်ဆို့မှုများပြုလုပ်မည်ဟူသော
ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်
နှောင့်နှေးမှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ဖော်ပြောကြားခဲ့ပါသည်။
Time in Rangoon

0 comments:
Post a Comment