Tuesday, July 17, 2012

ရိုဟင်ဂျာများ လူမျိုးစုထဲတွင် မပါဝင်ကြောင်း ဦးသိန်းညွန့် လွှတ်တော်မှာ တင်သွင်းပြောကြား

Posted by drmyochit Tuesday, July 17, 2012, under | No comments




လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ရိုဟင်ဂျာ ကိစ္စပြောကြားနေစဉ်
ရိုဟင်ဂျာ လူမျိုးသည် မြန်မာနိုင်ငံရှိ လူမျိုးစုထဲတွင် မပါဝင်ကြောင်း ဦးသိန်းညွန့် က
 ပြည်ထောင်စု လွတ်တော်သို့ တရားဝင် တင်သွင်းပြောကြားခဲ့ကြောင်း
 ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်သတင်းယူနေသော
 Popular News Journal ၏ သတင်းထောက်ကသတင်းပေးပို့သည်။

ဒါအပြင် ယနေ့ လွှတ်တော်မှာ---
နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမှတ်
(၁/၂၀၁၂) အရေးပေါ် အခြေအနေ ကြေညာခြင်းနှင့် စပ်လျဉ်းရွေ့ ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ဦးဘရှိန် (ကျောက်ဖြူမဲဆန္ဒနယ်)၊ ဦးအောင်စိန်(မာန်အောင်မဲဆန္ဒနယ်) ၊ဦးသာစိန် (ကျောက်တော်မဲဆန္ဒနယ် )၊ ဦးရွေမောင်( ဘူးသီးတောင်မဲဆန္ဒနယ်)၊ ဦးသိန်ညွှန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ် )ဦးခိုင်မောင်ရည် (အလုံမဲဆန္ဒနယ်) ၊ ဦးဌေးဝင်း (ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၇)တို့မှ ဆွေးနွေးခဲ့ကြပြီး
ယင်းသို့ဆွေးနွေးရာတွင် တည်ငြိမ်အေးချမ်းမှသာ ယင်းအရေးပေါ်အခြေအနေအား
 တည်ငြိမ်အေးချမ်းမှသာပယ်ဖျက်ရန်သဘောတူညီနေကြကြောင်းသိရသည်။
Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်