Tuesday, July 17, 2012

အီရန်နိုင်ငံသည် ကာရေဘီယံပင်လယ်မှ ပါရှန်ပင်လယ်ကွေ့အထိ ရန်သူလှုပ်ရှားမှုများအား စောင့်ကြည့်လျက်ရှိသည်ဆိုခြင်း

Posted by drmyochit Tuesday, July 17, 2012, under | No comments


Press TV.ir; July-15(Sun)

ကာရေဘီယံပင်လယ်မှ အိုမန်ပင်လယ်နှင့် ပါရှန်ပင်လယ်ကွေ့အထိ ရန်သူ၏လှုပ်ရှားမှုအားလုံးသည် အီရန်တပ်ဖွဲ့ဝင်များ၏ စောင့်ကြည့်မှုအောက်တွင်ရှိကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ် ဒုတိယအကြီးအကဲက ပြောကြားခဲ့ပါသည်။ IRGC ရေတပ်သည် အီရန်ရေတပ်ဖွဲ့ဝင်များနှင့်အတူ ပါရှန်ပင်လယ်ကွေ့ ၏ လုံခြုံရေးအား တာဝန်ပေးအပ်ထားသည့်အတိုင်း အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိကြောင်း အီရန်နိုင်ငံ မြောက်ပိုင်း Mashhad  မြို့၌ ဇူလိုင်လ ၁၄ ရက်နေ့ကပြုလုပ်သော ညီလာခံပြင်ပတွင် ရေတပ်ဗိုလ်ချုပ်  Javad Mashidi က ပြောကြားခဲ့ပါသည်။
IRGC ရေတပ်သည် နိုင်ငံ၏ရေပိုင်နက်အား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး ရန်သူ၏လှိျု့ဝှက် ကြံစည်မှုများကိုလည်း နိုးနိုးကြားကြား စောင့်ကြည့်လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် ဖြစ်ပေါ်လာနိုင်သော မည်သည့်ခြိမ်းခြောက်မှုကိုမဆို တန်ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အဆိုပါရေတပ်ဗိုလ်ချုပ်က ထပ်လောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့မဟာမိတ်များ၏လှုပ်ရှားမှုအားလုံးကို ထောက်လှမ်း ထားသော IRGC ရေတပ်၏သတင်းအချက်အလက်များကို အီရန်အကြီးအကဲက အလေးထားစိစစ်လျက်ရှိ ပါသည်။
လွန်ခဲ့သောလများကလည်း အမေရိကန်တို့သည် ပါရှန်ပင်လယ်ကွေ့အတွင်းရှိ ၎င်းတို့၏ စစ်ဘက် ဖြန့်ကြက်ချထားမှုအား မြှင့်တင်ရန်ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဘာရိန်းနိုင်ငံရှိ ၎င်းတို့၏ အမှတ်(၅)ရေယာဉ်သို့ စစ်သင်္ဘော ၅ စီး ထပ်မံစေလွှတ်ခဲ့ပါသည်။ အမေရိကန်တို့သည် အရှေ့အလယ်ပိုင်းဒေသ၊ အထူးသဖြင့် ပါရှန် ပင်လယ်ကွေ့အတွင်းရှိ ၎င်း၏စစ်ဘက်ဖြန့်ကြက်ချထားမှုအား တိုးမြှင့်ရန် နည်းမျိုးစုံသုံး၍ လုပ်ဆောင်နေကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်