Tuesday, July 17, 2012

ဧရာဝတီမြစ် ရေနက်စီးကြောင်း ပြောင်းလဲစီးဆင်းမှုကြောင့် စဥ့်ကူးနှင့် မတ္တရာမြို့နယ် ကျေးရွာအချို့ ရေတိုက်စား

Posted by drmyochit Tuesday, July 17, 2012, under | No comments


ဧရာဝတီမြစ် ရေနက်စီးကြောင်း ပြောင်းလဲစီးဆင်းမှုကြောင့် မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်တို့တွင် ဇူလိုင် ၂ ရက်က ရေတိုက်စားမှုများ ဖြစ်ပေါ်ခဲ့ရာ စဥ့်ကူးမြို့နယ် စားကျက်ကျေးရွာတွင် အိမ်ခြေ ၁၅ လုံး၊ ဟသာင်္မရွာတွင် အိမ် ၉၈ လုံး၊ မတ္တရာမြို့နယ် နန်းတော်ကုန်းရွာတွင် အိမ်ခြေသုံးလုံး၊ ကုန်းတန်းလေးရွာတွင် အိမ်ခြေခုနစ်လုံး၊ သဖန်းဒေါင့်ရွာတွင် အိမ်ခြေနှစ်လုံး၊ သုံးဆယ်ပေးရွာတွင် ပေ ၄၀၀ ခန့် ရေတိုက်စားခံရ၍ ကမ်းပါးသည် ရွာခြေအထိ ရောက်ရှိနေသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ဧရာဝတီမြစ်ရေ တိုက်စားခံရသော ကျေးရွာများမှ နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေး၊ နေအိမ်ပြောင်းရွှေ့ရသော မိသားစုများအား ထောက်ပံ့ရေး၊ ရေနက်စီးကြောင်း ကာကွယ်ရေးလုပ်ငန်းများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
From : ကြေးမုံ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်