Tuesday, July 17, 2012

(၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား သတင်းတက်ရောက်ယူမည့် သတင်းထောက်ဦးရေ များပြား

Posted by drmyochit Tuesday, July 17, 2012, under | No comments


ယခုနှစ် (၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ သတင်းတက်ရောက်ယူမည့် သတင်းထောက် ဦးရေမှာ ယခင်နှစ်များနှင့်မတူ အထူးများပြားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ ဇူလိုင် ၁၉ ရက်တွင် ကျင်းပမည့် (၆၅) နှစ်မြောက် အာဇာနည်နေ့ ကျင်းပသည့် အခမ်းအနားသို့ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာအသီးသီးမှ သတင်းတက်ရောက်ယူရန်အတွက် အခမ်းအနား ဦးဆောင်စီစဉ် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ စာရင်းပေးသွင်းထားသည့် သတင်းထောက် ဦးရေမှာ ၁၀၀ ကျော်အထိ ရှိခဲ့သည်။ 


 ပြည်တွင်းမှ မြန်မာ့သတင်းစဉ်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၊ မြဝတီရုပ်မြင်သံကြား၊ MRTV-4 ၊ Sky Net ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန (မြို့တော် သတင်းအဖွဲ့)၊ ပြည်တွင်းသတင်း ဂျာနယ်များနှင့် မြန်မာနိုင်ငံ နိုင်ငံခြား သတင်းမီဒီယာအသီးသီးမှ သတင်းတက်ရောက်ရယူရန် စာရင်းပေးသွင်းထားသည့် အရေအတွက်ဖြစ်သည်။ ယခုနှစ်တွင် ကျင်းပမည့် (၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ သတင်းတက်ရောက်ရယူရန် စာရင်းပေးသွင်းထားသည့် အရေအတွက်သည် မည်သည့်နှစ်နှင့်မျှမတူ စံချိန်တင်များပြားသော အရေအတွက်ဖြစ်ပြီး ယခင်နှစ်(၆၄) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် သတင်းတက်ရောက်ရယူခဲ့သည့် သတင်းသမားဦးရေမှာ စုစုပေါင်း ၁၀ ဦးဝန်းကျင်ခန့်သာ ရှိခဲ့သည်ဟု ယခင်နှစ် အခမ်းအနားတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တာဝန်ရှိသူတို့၏ ပြောကြားချက်အရ သိရသည်။ သတင်းမီဒီယာအပေါ် လူထုစိတ်ဝင်စားမှု များပြားလာသည်နှင့်အမျှ သတင်းဂျာနယ်များလည်း အထူးများပြားလာပြီး သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူ အရေအတွက်မှာလည်း ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် သိသိသာသာ တိုးတက်များပြား လာခဲ့သည်ဟု မီဒီယာအသိုင်းအဝိုင်းမှ ဆိုသည်။ ယခုနှစ် အာဇာနည်နေ့ အခမ်းအနားသာမက လက်ရှိ ကျင်းပလျက်ရှိသော လွှတ်တော် အစည်းအဝေးများတွင်လည်း တက်ရောက် သတင်းယူခဲ့သည့် သတင်းသမားဦးရေမှာ စုစုပေါင်း ၁၀၀ ကျော်အထိ ရှိခဲ့ကြောင်းသိရှိရသည်။
From : မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်