Wednesday, July 18, 2012

ယူရိုဇုန်ငွေကြေးဖောင်းပွမှုနှုန်းသည် ဇွန်လအတွင်း၌ ၂.၄ ရာခိုင်နှုန်းရှိခဲ့သည်ဆိုခြင်း

Posted by drmyochit Wednesday, July 18, 2012, under | No comments


ယူရိုဇုန်ငွေကြေးဖောင်းပွမှုနှုန်းသည် ဇွန်လအတွင်း၌ ၂.၄ ရာခိုင်နှုန်း ၌တည်ရှိနေ ခဲ့ပြီး မေလနှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိခဲ့ကြောင်း ဥရောပသမဂ္ဂစာရင်းဇယားဌာန (Eurostat)က ဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ယူရိုဇုန်ဧရိယာ၏ လစဉ်ငွေကြေးဖောင်းပွမှုနှုန်းသည် ဇွန်လအတွင်း၌ -၀.၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း Eurostat စာရင်းဇယားများမှ ဖော်ပြလျက်ရှိပါသည်။ ဥရောပ သမဂ္ဂ၏ ဇွန်လအတွင်း ငွေကြေးဖောင်းပွမှုနှုန်းသည် ၂.၆ ရာခိုင်နှုန်း ရှိခဲ့ပြီး မေလ အတွင်းရှိခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်း ၂.၅ ရာခိုင်နှုန်း ထက်မြင့်တက်ခဲ့ကာ လစဉ်ငွေကြေးဖောင်း ပွမှုနှုန်းသည် ၀.၀ ရာခိုင်နှုန်းရှိခဲ့ပါသည်။
ဇွန်လအတွင်း၌ အနည်းဆုံးငွေကြေးဖောင်းပွမှုနှုန်းများမှာ ဆွီဒင်နိုင်ငံ၌ ၀.၉ ရာခိုင်နှုန်း၊ ဂရိနိုင်ငံ၌ ၁.၀ ရာခိုင်နှုန်းနှင့် ဘူလ်ဂေးရီးယားနိုင်ငံ၌ ၁.၆ ရာခိုင်နှုန်းရှိခဲ့ကာ အမြင့် ဆုံးငွေကြေးေ ဖာင်းပွမှုနှုန်းမှာ ဟန်ဂေရီ၌ ၅.၆ ရာခိုင်နှုန်း၊ အက်စတိုးနီးယားနှင့် မော်လ်တာနိုင်ငံတို့၌ ၄.၄ ရာခိုင်နှုန်းအသီးသီးရှိခဲ့ပါသည်။ ဇွန်လအတွင်း၌ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံြး ဖစ်သည့် လုပ်ငန်းတို့မှာ အရက်နှင့်ဆေးရွက်ကြီးလုပ်ငန်း၌ ၄.၉ ရာခိုင်နှုန်း၊ အိမ်ရာလုပ်ငန်း၌ ၃.၇ ရာခိုင်နှုန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၌ ၃.၁ ရာခိုင်နှုန်းရှိခဲ့ကာ ငွေကြေးဖောင်းပွမှု အနည်းဆုံြး ဖစ်သည့် လုပ်ငန်းတို့မှာ ဆက်သွယ်ရေးလုပ်ငန်း၌ -၂.၈ ရာခိုင်နှုန်း၊ ပညာရေးလုပ်ငန်း၌ ၀.၇ ရာခိုင်နှုန်း နှင့် အပန်းဖြေမှုနှင့်ယဉ်ကျေးမှုလုပ်ငန်းတို့၌ ၀.၈ ရာခိုင်နှုန်းတို့ဖြစ်ကြပါသည်။
Xinhuanet.com;July-16(Mon)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်