Wednesday, July 18, 2012

ဆီးရီးယားနိုင်ငံအတွက် လက်နက်များသယ်ဆောင်ထားသော သင်္ဘောတစ်စီးသည် စိန့်ပီတာစဘတ် ဆိပ်ကမ်းသို့ ခုတ်မောင်းလျက်ရှိသည်ဆိုခြင်း

Posted by drmyochit Wednesday, July 18, 2012, under | No comments


ဆီးရီးယားနိုင်ငံအတွက် လက်နက် အပြည့်အစုံတပ်ဆင် ထားသော ရဟတ်ယာဉ်များတင် ထားသည် ဟုပြောကြားလျက်ရှိသော ရုရှားသင်္ဘောတစ်စီးသည် စိန့်ပီတာစဘက်ဆိပ်ကမ်းသို့ ဇူလိုင် လကုန်ပိုင်းတွင် ရောက်ရှိ မည်ဖြစ်ကြောင်း သင်္ဘောပိုင်ရှင် Femco က ဇူလိုင်လ ၁၆ ရက်နေ့ တွင် ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ၎င်းင်းသင်္ဘောသည် Murmansk  မှ စိန့်ပီတာစဘက် ဆိပ်ကမ်းသို့ ထွက်ခွာလျက်ရှိကြောင်း၊ စိန့်ပီတာစဘက်ဆိပ်ကမ်း၌ ကုန်ပစ်္စည်းတင်ဆောင်ပြီးနောက် ၎င်းင်းသင်္ဘောသည် အရှေ့ဖျားဒေသသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း အဆိုပါ ကုမ်္ပဏီ က ပြောကြားခဲ့ပါသည်။ အဆိုပါ MV Alaed သင်္ဘောအား စောင့်ကြပ်လိုက်ပါရန် ရုရှား စစ်သင်္ဘောများအနေဖြင့် အမိန့်တစ်စုံတစ်ရာရရှိခြင်းမရှိကြောင်း ရုရှားကာကွယ်ရေး ၀န်ကြီးဌာန အဆင့်မြင့် သတင်းအရင်းအမြစ်တစ်ခုမှ RIA Novosti သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ယခုအချိန်တွင် ရုရှားရေတပ်အတွက် အလားတူအစီအစဉ်၊ သို့မဟုတ် ရည်မှန်းချက်တာဝန်မရှိကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။ 

MV Alaed သင်္ဘောအနေဖြင့် ဆီးရီးယားနိုင်ငံအတွက် တစ်စစီဖြုတ်ထားသည့်ရဟတ်ယာဉ်များသာ သယ်ဆောင်လာခြင်းဖြစ်ကြောင်း၊ လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် ရဟတ်ယာဉ်များမဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ပြောကြားခဲ့ပြီး ၎င်းင်းသင်္ဘောသည် ဆီးရီးယားနိုင်ငံအတွက် လက်နက်ကြီးများနှင့် ခဲယမ်းမီးကျောက်များကို သယ်ဆောင်ထားကြောင်း အနောက်နိုင်ငံမီဒီယာများမှ အခိုင် အမာ ပြောကြားလျက်ရှိကြောင်း သိရှိရပါသည်။ MV Alaed သင်္ဘောသည် ယခုအချိန်တွင် ရုရှားအလံလွှင့်ထူ ထားကြောင်း၊ ၎င်းင်း၏ အကျိုးစီးပွားကိုကာကွယ်ရန်လိုအပ်ကြောင်းနှင့် သင်္ဘောလုံခြုံရေးနှင့် သင်္ဘောသားများ လုံခြုံရေးကိုလိုအပ်လျက်ရှိကြောင်း၊ သင်္ဘောသားများအားလုံးသည် ရုရှားပြည်သူများဖြစ်ကြောင်း Femco က ဇွန်လနှောင်းပိုင်း၌ ပြောကြားခဲ့ပါသည်။ MV Alaed သင်္ဘော၏ နောက်ဆုံးခရီးသည် အရှေ့ဖျားဒေသပင်လယ် ဆိပ်ကမ်းမြို့ဖြစ်သော ဗလာဒီဗိုစတော့ခ်ပင်ဖြစ်ကြောင်း  အဆိုပါကုမ္ပဏီကပြောကြားခဲ့ပါသည်။
RIA Novosti.com;July-16(Mon)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်