Wednesday, July 18, 2012

တရုတ်နိုင်ငံက စပရက်တလီကျွန်းစုဆိုင်ရာအစိုးရအဖွဲ့ စတင်ဖွဲ့စည်းခြင်း

Posted by drmyochit Wednesday, July 18, 2012, under | No comments


          တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားလျက်ရှိသော စပရက်တလီကျွန်းစုများကို စီမံအုပ်ချုပ်မည့်ဒေသခံအုပ်ချုပ်ရေးကော်မရှင်တစ်ခု စတင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ဇူလိုင်လ ၁၇ ရက်နေ့Newsnow  သတင်းတစ်ရပ်အရ သိရှိရပါသည်။ အဆိုပါကော်မတီအား စပရက်တလီကျွန်းကို အုပ်ချုပ်ရန်ဖွဲ့စည်းထားသော ဟိုင်နန်ပြည်နယ်မှစီရင်စုအဆင့်ရှိ စန်းရှာမြို့တွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ကော်မတီသည် စန်းရှာမြို့၏ ပထမဆုံးဒေသဆိုင်ရာကွန်ဂရက်ကိုဖွဲ့စည်းရေး၊ ကိုယ်စားလှယ်များရွေးကောက်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်တစ်ရပ် အတည်ပြုရေး နှင့် ဒေသဆိုင်ရာကွန်ဂရက်၏ ပထမဆုံးအကြိမ်မျက်နှာစုံညီအစည်းအဝေးကျင်းပရေး တို့အား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ စန်းရှာအစိုးရအဖွဲ့အား ဗီယက်နမ် နိုင်ငံနှင့် ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသော ပါရာဆဲလ်ကျွန်းစုရှိ ယောင်ရှင်းကျွန်းတွင် အခြေပြုမည်ဖြစ်ပါသည်။ အဆိုပါအစိုးရအဖွဲ့သည် တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်ငါးဖမ်းသမားများနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများ၏လုံခြုံမှုကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်