အီရန်နိုင်ငံအနေဖြင့်
ဒေသ တစ်ဝန်းလုံးအား ထိန်းချုပ်နိုင်ပြီး အီရန်နိုင်ငံ၏ လုံခြုံရေးအား ထိန်း သိမ်း နိုင်ေ ကြာင်းအီရန်ရေတပ် အကြီးအကဲရေတပ်ဗိုလ်ချုပ် Habibollah Sayyari က ပြောကြား ခဲ့ပါသည်။ အီရန်နိုင်ငံ အနေဖြင့်
စစ်အင်အားများ တည်ထောင်ြ ခင်းဖြင့် ဒေသတွင်း လုံခြုံရေး အားထိန်း သိမ်းနိုင်ခဲ့ကြောင်း ရေတပ်
ဗိုလ်ချုပ် Sayyari
က ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ လွန်ခဲ့သည့်နှစ်များအတွင်း၌
အီရန်နိုင်ငံသည် အရေးကြီးသောစစ်စ္စည်းများအား ကိုယ်တိုင် ထုတ်လုပ်ခြင်းဖြင့် ၎င်း၏ ကာကွယ်ရေးကဏ္ဍအား
တည်ထောင်နို င်ခဲ့ကြောင်းနှင့် အမျိုးမျိုးသော စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့်
အီရန်တပ်ဖွဲ့၏ အသင့်ဖြစ်မှုအား မြှင့်တင်နိုင်ခဲ့ပါသည်။
ခြိမ်းခြောက်မှု အဟန့်အတားများအပေါ်
အခြေခံမျှသာရှိသည့် ကာကွယ်ရေး အခြေခံ သဘော တရား တို့ကို အခြားတိုင်းပြည်များ၊ အထူးသဖြင့်
အိမ်နီးချင်းဒေသများသို့ ခြိမ်းခြောက်မှုမဟုတ်သော စစ်ရေးအမြင် ဖြစ်ပေါ်စေကြောင်း အီရန်က
ထပ်တလဲလဲအခိုင်အမာပြောဆိုလျက်ရှိသည်။ အီရန်ေ ရတပ်အနေဖြင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း၌
၁၀ ရက်ကြာ Velayat
90 စစ်ရေးေ လ့ကျင့်ခန်းအားပြုလုပ်ခဲ့ပြီး
အဆိုပါ စစ်ရေး လေ့ကျင့်ခန်း Tareq နှင့် Qadir တို့အပါအ၀င်အမျိုးမျိုးသော ရေငုပ်သင်္ဘောများနှင့်
မြေပြင်မှရေပြင်ပစ်ဒုံးပျံ စနစ်သစ်များ ပါဝ င်လေ့ကျင့်ခဲ့ကြောင်း သိရှိရပါသည်။
Presstv.ir;July-16(Mon)
Time in Rangoon

0 comments:
Post a Comment