Wednesday, July 18, 2012

အာဖရိကသမဂ္ဂကော်မရှင်ဥက္ကဋ္ဌအဖြစ် တောင်အာဖရိကပြည်ထဲရေးဝန်ကြီးအား ရွေးချယ်ခဲ့ခြင်း

Posted by drmyochit Wednesday, July 18, 2012, under | No comments


အာဖရိကသမဂ္ဂ (Afican Union-AU) သည် အာဖရိက သမဂ်္ဂကော်မရှင် ဥက္ကဋ္ဌအဖြစ် တောင် အာဖရိက ပြည်ထဲရေးဝန်ကြီး Nkosazana Dlamini- Zuma အား ရွေးချယ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဝန်ကြီးသည် အာဖရိကသမဂ္ဂ၏ပထမဆုံးသောအမျိုးသမီးအကြီးအကဲဖြစ်ကြောင်း Press TV သတင်းဌာနကထုတ်ပြန် ကြေညာခဲ့ပါသည်။ Dlamini- Zuma သည် ယခင်ေ တာင်အာဖရိက သမ္မတဟောင်း Jacob Zuma ၏ အမျိုးသမီး ဖြစ်ပါသည်။ ဇူလိုင်လ ၁၅ ရက်နေ့တွင် အီသီယိုးပီး ယားနိုင်ငံ အဒစ်အဘာဘာမြို့၌ပြုလုပ်သော (၁၉)ကြိမ်မြောက် အာဖရိက သမဂ္ဂဆွေးနွေး ပွဲ၌ ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။
Dlamini- Zuma သည် လွန်ခဲ့သော ၆ လကပြုလုပ်ခဲ့သော အာဖရိက သမဂ္ဂညီလာ ခံတွင် ထောက်ခံမဲ ၃ ပုံ ၂ ပုံဖြင့် လက်ရှိတာဝန်ထမ်းဆောင်နေသော Jean Ping ကိုအနိုင် ရရှိခဲ့ခြင်းဖြစ်ပါသည်။ Dlamini- Zuma သည် နောက်ဆုံးလျှို့ဝှက်မဲ ၃၇ မဲတွင် ၆၀ ရာခိုင်နှုန်းေ ကျာ်ရရှိခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရခြင်း ဖြစ်ပါသည်။ ၂ ရက်ကြာပြုလုပ်သော ညီလာ ခံတွင်အာဖရိကသမဂ္ဂခေါင်းဆောင်များသည် မာလီနိုင်ငံတွင် ဖြစ်ပွားနေသော မငြိမ်မသက်မှုများ၊ ကွန်ဂို ဒီမိုကရက်တစ်သမ်္မတနိုင်ငံတွင်ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် မဖြေရှင်းနိုင်သေးသော ဆူဒန်နှင့်ေ တာင်ဆူဒန်တို့အကြား အငြင်းပွားမှုများကိုဆွေးနွေးခဲ့ကြကြောင်း သိရှိရ ပါသည်။
PressTV.com;July-16(Mon)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်