Wednesday, July 18, 2012

ဆီးရီးယားအရေးကိစ္စအား အဆုံးသတ်ရန်အတွက် ရုရှားနှင့်တရုတ်နိုင်ငံတို့ကုလသမဂ္ဂသံတမန်များ စေလွှတ်ခဲ့ခြင်း

Posted by drmyochit Wednesday, July 18, 2012, under | No comments



 ကုလသမဂ္ဂသည် ဆီးရီးယားနိုင်ငံ၏မဆုတ်သာမတိုးသာအခြေအနေအား အဆုံးသတ်စေရန်အတွက် အထူးသံတမန်ကိုဖီအာနန်အား ရုရှားနိုင်ငံသို့လည်းကောင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီ မွန်းအား တရုတ် နိုင်ငံသို့လည်းကောင်း စေလွှတ်ခဲ့ကြောင်း သိရှိရပါသည်။ အထူး သံတမန် ကိုဖီအာနန်သည်  ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအ၀င် ခေါင်းဆောင် များနှင့် ဆွေးနွေး မှုများပြုလုပ်ရေးအတွက် ဇူလိုင်လ ၁၆ ရက်နေ့က ရုရှားနိုင်ငံသို့သွားရောက်ခဲ့ပါသည်။ ကုလ သမဂ္ဂလုံခြုံရေးကောင်စီတွင်ပါဝင်သော အနောက်အုပ်စုနိုင်ငံများက ဆီးရီးယားနိုင်ငံအား ဆန့်ကျင်သော အရေးယူပိတ်ဆို့မှုများတောင်းဆိုခဲ့သော်လည်း ရုရှားနိုင်ငံအနေဖြင့် ထိုအရေးယူပိတ်ဆို့မှုအား ကန့်ကွက် ခဲ့ေ ကြာင်း သိရှိရပါသည်။
     ဆီးရီးယား၏ မဆုတ်သာမတိုးသာအခြေအနေအား အဆုံးသတ်စေရန်အတွက် နောက်ထပ်တစ်ကြိမ် လိုက်လျောမှုတစ်ရပ်ပြုလုပ်ပေးရန် အာနန်က ရုရှားခေါင်းဆောင်များအား တိုက်တွန်း သွားမည်ြ ဖစ်ပါသည်။ ဘန်ကီမွန်းသည်လည်း ဇူလိုင်လ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံ သို့သွားေ ရာက်မည်ဖြစ်ပါသည်။ ဇူလိုင်လ ၁၅ ရက်နေ့ တွင် ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ် မြို့ရှိအချို့နေရာများတွင် တိုက်ခိုက်မှုများမြင့်တက်လျက် ရှိကြောင်း၊ ဒမတ်စကတ် တွင် နေ့စ ဉ်နှင့်အမျှဆိုးရွားသောတိုက်ခိုက်မှုများအား တွေ့မြင်နေရကြောင်း ဆီးရီးယား လှုပ်ရှား တက်ကြွ သူများက NHK သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ဆီးရီးယားနိုင်ငံအလယ်ပိုင်းတွင် ပြည်သူ ၂၀၀ ကျော်အား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်ဆိုသော သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ မိမိတို့ အနေဖြင့် စစ်ဆင်ရေးတစ်ခုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ၀န်ခံြေ ပာကြားခဲ့ပါသည်။
PressTV.com;July-16(Mon)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်