CNA.com; July-13(Fri)
နိုင်ငံ၏နာမည်ကျော် ပေါ့အဆိုတော် တေလာဆွိသည်
အသက် ၃ဝ အောက်အမျိုးသမီးဝင်ငွေ အကောင်းဆုံး စာရင်းတွင် ဖော်ပြခြင်း ခံရပါသည်။ တေလာဆွိမှာ
အသက် ၂၂ နှစ်သာရှိပြီး ၂ဝ၁၂ ခုနှစ် မေလအထိ ၁၂လတာ ကာလအတွင်း ဝင်ငွေအမေရိကန် ဒေါ်လာ ၅၇သန်း
ရရှိခဲ့ကြောင်း၊ ၎င်း ၁၂ လတာ ကာလတွင်မြောက်အမေရိကတိုက်နှင့်သြစတြေးလျ အပါအဝင် ဖျော်ဖြေတင်ဆက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပျမ်းမျှအားဖြင့် ဖျော်ဖြေ တင်ဆက်မှု တစ်ခုလျှင် အမေရိကန် ဒေါ်လာ
၁ သန်းဝင်ငွေရှိကြောင်း၊ Multi-platimum ဓာတ်ပြားရောင်းရငွေနှင့် ကြော်ငြာ ထုတ်လုပ်မှုများဖြင့် အချမ်းသာဆုံး ဖြစ်လာခဲ့ကြောင်း
Forbes ကဖော်ပြခဲ့ပါသည်။
သူမသည် ၂ဝ၁၂ ခုနှစ် အောက်တိုဘာလတွင် အယ်လ်ဘမ် အသစ်ထုတ်ရန် ရည်ရွယ်လျက်ရှိပါသည်။ ဆယ်ကျော်သက်
အသည်းစွဲ ဂျက်စတင်ဘီဘာမှာ ၅၅ သန်းဖြင့် ဒုတိယလိုက်နေပြီး ရီဟားနားမှာ ၅၃ သန်း၊ လေဒီဂါဂါမှာ
၅၂ သန်းနှင့် ကေတီပယ်ရီမှာ ၄၅ သန်းတို့ဖြင့် ဝင်ငွေအများဆုံး ရရှိကြသူများဖြစ်ပါသည်။
ယမန်နှစ်က လေဒီဂါဂါမှာ ဒေါ်လာသန်း ၉ဝ ဖြင့် ထိပ်ဆုံး ရောက်ရှိခဲ့သူ ဖြစ်ပါသည်။
ဒေါက်တာမျိုးချစ်
Time in Rangoon

0 comments:
Post a Comment