Sunday, July 15, 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဆီရမ်ရိမြို့၌ ကျင်းပသည့် အမေရိကန်- အာဆီယံ စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

Posted by drmyochit Sunday, July 15, 2012, under | No comments

နေပြည်တော် ဇူလိုင် ၁၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့၌ ကျင်းပသည့် အမေရိကန်- အာဆီယံ စီးပွားရေး ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့ နံနက် (၁၀) နာရီ (၁၅) မိနစ်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။



နိုင်ငံတော်သမ္မတဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ  ကမ္ဘောဒီးယားနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် သံရုံးမှ တာဝန်ရှိသူများက နေပြည်တော် လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။



နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသော နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပြန်လည် လိုက်ပါလာကြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်