Sunday, July 15, 2012

မာလီနိုင်ငံအား စစ်ရေးအရ၀င်ရောက်စွက်ဖက်နိုင်ဖွယ်ရှိကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကပြောကြားခြင်း

Posted by drmyochit Sunday, July 15, 2012, under | No comments


မာလီနိုင်ငံ၏မြောက်ပိုင်းနယ်မြေအား အယ်လ်ကေဒါနှင့်ဆက်နွှယ်နေသော စစ်သွေးကြွများက သိမ်းပိုက် ခဲ့ပြီးနောက်တွင် ပြည်ပအင်အားကြီးနိုင်ငံများအနေဖြင့် မာလီနိုင်ငံတွင် စစ်ရေးအရ၀င်ရောက် စွက်ဖက် မှုပြု လုပ်ဖွယ်ရှိကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လောရန်ဖာဘီယတ်စ်က ဇူလိုင်လ ၁၂ ရက်နေ့ တွင် ပြောကြားခဲ့ပါသည်။ ဒေသတွင်းနှင့် အနောက်နိုင်ငံများမှအစိုးရများသည် မာလီနိုင်ငံ တွင်းအခြေ အနေအား အာဖဂန်နစ်္စတန်နိုင်ငံနှင့် နှိုင်းယှဉ်သုံးသပ်လျက်ရှိကြောင်း၊ စစ်ရေးဆိုင်ရာစွက်ဖက်မှုကို အာဖ ရိက သမဂ္ဂမှ ဦးဆောင် သွားပြီး နိုင်ငံတကာ တပ်ဖွဲ့များကေ ထာက်ကူပေး သွားမည်ဖြစ်ကြော င်းနှင့် ပြင်သစ်နို င်ငံသည် စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုကိုဦးဆောင်သွားမည်မဟုတ်ကြောင်း Fabius  ကပြောကြားခဲ့ပါသည်။ ဥရောပ သမဂ္ဂ (EU)နှင့် အမေရိကန်ကဲ့သို့သော အင်အားကြီးနိုင်ငံများကလည်း လိုအပ်လျှင် ထောက်ပံ့မှုနှင့် လေ့ကျင့်မှု များ ပြုလုပ်ပေးရန်အသင့်ရှိကြောင်း ၎င်းက ထပ်လောင်းပြော ကြားခဲ့သည်ဟု သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်