Sunday, July 15, 2012

အန်ဂျီအို တစ်ချို့ နိုင်ငံတော် ဆန့်ကျင်ရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေဟု ဘင်္ဂလာဒေခ်ျ့ အစိုးရမှ ထုတ်ဖေါ်ပြောကြား

Posted by drmyochit Sunday, July 15, 2012, under | No comments

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အန်ဂျီအို တစ်ချို့သည် နိုင်ငံခြားမှ ငွေကြေးများဖြင့် နိုင်ငံတော်အား ဆန့်ကျင်သည့် လုပ်ငန်း တစ်ချို့တွင် ပါဝင်နေကြောင်း ဘင်္ဂလာဒေခ်ျ့ အစိုးရက တာဝန်ရှိသူ တစ်ဦးက ယမန်နေ့က ထုတ်ဖေါ် ပြောကြားလိုက်သည်။
အန်ဂျီအိုများကြောင့် ဘင်္ဂလီ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလန်းများ တိုးပွားလာခဲ့သည်။
“ ဒီနိုင်ငံက အန်ဂျီအို တစ်ချို့ဟာ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ကျင့်သုံး လုပ်ဆောင်နေတာကို တွေ့နေရပါတယ်” ဟု ဘင်္ဂလာဒေခ်ျ့ လူမူရေး ၀န်ကြီးက Enamul Hoque Mostafa shahid မနေ့က ထုတ်ဖေါ် ပြောကြားသည်။
သို့အတွက် အန်ဂျီအို ၅၀၀၀အား မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ခဲ့ရသည်ဟု ဆိုသည်။
၎င်းအန်ဂျီအိုများသည် နိုင်ငံတော်အား ဆန့်ကျင်သည့် လုပ်ရပ်များကို ဆောင်ရွက်နေ၍ မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ရသလို တစ်ချို့ အန်ဂျီအိုများမှာ ငွေအသုံးစာရင်းများကို စနစ်တကျ မတင်ပြနိုင်၍ ဖြစ်ကြောင်း သူက ပြောသည်။
ထိုအထဲမှ တချို့ အန်ဂျီအိုများကို လုံးဝ ပိတ်ပစ်ခဲ့ရသည်ဟု ဆိုသည်။
သို့အတွက် လက်ရှိ အစိုးရ အနေဖြင့် အန်ဂျီအိုများအား ထိန်းကျောင်းမည့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဥပဒေ တရပ်ကို ပါလီမန်တွင် ပြဌာန်းရန် စီစဉ်နေကြောင်း သူက ပြောသည်။
ဘင်္ဂလာဒေခ်ျ့ရှိ အန်ဂျီအိုများကို အစိုးရ အဖွဲ့အစည်း တစ်ခုတည်း လက်အောက်တွင် ထားရှိပြီး သူတို့၏ လုပ်ဆောင်နေမူများအား (အထူးသဖြင့် စစ်သွေးကြွများနှင့် ပူးပေါင်း ဆောင်ရွက်နေမူ)များကို စောင့်ကြည့်ရန် အစီအစဉ်များလည်း ပြုလုပ်နေကြောင်း သူက ပြောသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် ကမ္ဘာပေါ်တွင် အစိုးရမဟုတ်သော အန်ဂျီအို အများဆုံး တည်ရှိသော နိုင်ငံ တစ်ခု ဖြစ်ပြီး အန်ဂျီအိုများကြောင့် ဘင်္ဂလာဒေခ်ျ့ ဖွံ့ဖြိုး တိုးတက်မူကို များစွာ အထောက်အကူ ပြုခဲ့သလို  တခြားတဘက်တွင်လည်း မူမမှန်သော အန်ဂျီအိုများ၏ နိုင်ငံတော် ဆန့်ကျင်ရေး လုပ်ငန်းများကြောင့် ထိခိုက်နစ်နာမူများ ရှိနေကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်