Sunday, July 15, 2012

Yahoo! အသုံးပြုသူ ၄ဝဝ,ဝဝဝ ၏ Username, Password များအား Hacker သမားများမှ ခိုးယူခြင်း

Posted by drmyochit Sunday, July 15, 2012, under | No comments


Xinhua.com; July-13(Fri)
        Yahoo!အသုံးပြုသူ ၄ သိန်းခန့်နှင့် အခြားကုမ္ပဏီအသုံးပြုသူများ၏ ကွန်ပျူတာများထဲမ Username နှင့် Password များကို အမည်မသိရသူ Hacker သမားများက ဇူလိုင်လ ၁၁ ရက်နေ့တွင် ခိုးယူခဲ့ကြောင်း Yahoo! မှ ဇူလိုင်လ ၁၂ ရက်နေ့တွင် အတည်ပြုပြောကြားခဲ့ပါသည်။
          သူခိုးသည် အားနည်းချက်ကိုရှာ၍ ဝင်ရောက်ခိုးယူခြင်းဖြစ်ကြောင်း၊ Password ပြောင်းလဲအသုံးပြု သူများနှင့် သတိပေးထားသည့် ကုမ္ပဏီများသည် သံသယဖြစ်ဖွယ်ရှိကြောင်း၊ သို့သော် သံသယဖြစ်ဖွယ်စာရင်း အတိအကျအား ရွေးထုတ်ရန်မလွယ်ကူကြောင်း၊ Hacker အဖွဲ့သည် အများပြည်သူသုံး Website များတွင် ဖော်ပြ ထားသည့်လိပ်စာများအား မည်သူမည်ဝါဖြစ်သည်ကိုသိရှိပြီး Password များခိုးယူခြင်းဖြစ်ကြောင်း၊ Yahoo! ပိုင်ဆိုင်သည့် Webserver အနေဖြင့် လုံခြုံရေးအရ ယိုပေါက်မှုများစွာရှိခဲ့ကြောင်း၊ ယခုကဲ့သို့ ခိုးယူခံရခြင်းမှာ ကြီးမားသောထိခိုက်မှုကိုဖြစ်ပေါ်စေခဲ့ကြောင်း D33DS ကုမ္ပဏီမှ ပြောကြားခဲ့ပါသည်။Hacker များအနေဖြင့်  Yahoo Voice ကိုလည်း ဝင်ရောက်ဖျက်ဆီးလာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ 

ဒေါက်တာမျိုးချစ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်