Sunday, July 15, 2012

တူရကီနိုင်ငံ၏ပထမဆုံးသော လေဆာပဲ့ထိန်းဒုံးပျံများအား တူရကီစစ်ဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း

Posted by drmyochit Sunday, July 15, 2012, under | No comments



 တူရကီနိုင်ငံ Roketsan ကုမ်္ပဏီထုတ် ပထမဆုံးလေဆာပဲ့ထိန်းဒုံးပျံ Cirit အား တူရကီစစ်ဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဇူလိုင်လ ၁၂ ရက်နေ့ Newsnow သတင်းတစ်ရပ်အရသိရှိရပါသည်။ တူရကီ အစိုးရသည် ပြည်ပလက်နက်ဈေးကွက်များမှ စစ်လက်နက်ပစ္စည်းဝယ်ယူမှုလျှော့ချရန်နှင့် ပြည်တွင်းရှိ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးစက်မှုလုပ်ငန်းကို မြှင့်တင်ပေးရန်ရည်ရွယ်၍ Roketsan ကုမ္ပဏီ အား ငွေကြေး မတည်ထောက်ပံ့ပေးကာ အဆိုပါဒုံးပျံများထုတ်လုပ်ရေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ ဝေဟင်မှမြေပြင်ပစ်ဒုံးပျံသည် ၈ ကီလိုမီတာအကွာအဝေးအထိပစ်ခတ်နိုင်ပြီး တူရကီနှင့် အီတလီနိုင်ငံတို့မှ ပူးတွဲထုတ်လုပ်ထားသည့် T-129 တိုက်ခိုက်ရေးရဟတ်ယာဉ်များတွင် တပ်ဆင်အသုံးပြု သွားမည်ဖြစ်ပါသည်။  Roketsan ကုမ္ပဏီသည် တူရကီစစ်ဘက် အတွက် အဆိုပါဒုံးပျံစုစုပေါင်း ၂၀၀၀ စင်းထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အစင်း ၁၀၀ အား လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါဒုံးပျံများအား AH-1W ရဟတ်ယာဉ်များတွင် စမ်းသပ် အသုံးပြုခဲ့ပြီး အောင်မြင်မှုများရရှိခဲ့ကြောင်းနှင့် ၎င်းဒုံးပျံများသည် တူရကီ စစ်ဘက် ၏ လေကြောင်း တိုက်စွမ်းအားထိရောက်မှုကိုမြှင့်တင်ပေးနိုင်မည်ဟု တူရကီစစ်ဘက်ကမျှော်လင့် ထားပါသည်။ ၎င်းဒုံးပျံ များထုတ်လုပ်ရေးနှင့်ပတ်သက်ပြီး တူရကီစစ်ဘက်နှင့် Roketsan ကမ္ပဏီတို့အကြား အမေရိကန်ဒေါ်လာ ၂၈ သန်းတန်ဖိုးရှိသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်