Sunday, July 15, 2012

ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းတွင် ရန်ပုံငွေပြတ်လပ်လျက်ရှိကြောင်း

Posted by drmyochit Sunday, July 15, 2012, under | No comments


One World Beta.com; July-13(Fri)
          ဆိုမာလီနိုင်ငံ၏ တစ်နှစ်ကြာငတ်မွတ်ခေါင်းပါးမှုနှင့် ပဋိပက္ခဖြစ်မှုများကြောင့် တစ်နှစ်အတွင်း ဒါဒါအပ်မြို့သို့ ထွက်ပြေးရောက်ရှိလာသည့် ဒုက္ခသည်များရှိသည့်ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းသည် ရန်ပုံငွေ အကျပ်အတည်းပြတ်လပ်မှုနှင့်ရင်ဆိုင်ရလျက်ရှိကြောင်း၊ လက်ကျန်ဒေါ်လာ ၂၅ သန်းဖြင့် လုံလောက်အောင် မကျွေးမွေးနိုင်သဖြင့် အနည်းဆုံးဒုက္ခသည် ၂ဝဝ,ဝဝဝ ခန့်မှာ ထိခိုက်နိုင်ဖွယ်ရာရှိကြောင်း 7 aid agencies အုပ်စုမှ ဇူလိုင်လ ၁၂ ရက်နေ့ က ပြောကြားခဲ့ပါသည်။ ဒုက္ခသည်သောင်းပေါင်းများစွာ၏အသက်ရှင်ရေးအတွက် လက်ရှိငွေနှင့် ၂ လ၊ ၃ လအတွင်း ပြတ်လပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဒုက္ခသည် အရေးကိစ္စအားဖြေရှင်းရာတွင် ရေရှည်ကာလအတွက် ပြန်လည်စဉ်းစားသင့်ကြောင်းနှင့် အကူအညီပြတ်လပ် သွားသည့်ကြားကာလတွင် ဒေသတွင်းလုံခြုံရေးအခြေအနေ ဆိုးဝါး သွားနိုင်ကြောင်း ၎င်းအေဂျင်စီမှ သတိပေးတောင်းဆိုပြောကြားခဲ့ပါသည်။ ဒါဒါအပ်မြို့သည် လူဦးရေတိုးပွားမှု တတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ယခင်နှစ်က လူဦးရေ ၄၆၅,ဝဝဝ ရှိခဲ့ပါသည်။ 

ဒုက္ခသည်စခန်း၏လိုအပ်ချက်မှာ ယခင်ကထက်ပိုမိုများပြား လာခဲ့သည်။ ဒုက္ခသည်များမှာ ဒါဒါအပ်မြို့အနှံဖြစ်ပြီး လက်ရှိအခြေအနေဖော်ပြခြင်းမှာ အကြမ်းဖျင်းအခြေအနေ သာဖြစ်ပါသည်။ လာမည့်လများအတွင်း အခြေအနေဆိုးရွားလာနိုင်ပြီး တစ်ကမ္ဘာလုံးမှ အာရုံစူးစိုက်လာရန်နှင့် အကူအညီများရရှိရန် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ ပြင်းထန်သောရာသီဥတုကြောင့် ယာယီတဲများ မှာခဏတာနှင့်ပျက်စီးသွားပြီး မကြာမီကာလတွင် ဒုက္ခသည် ၁၃ဝ,ဝဝဝ အတွက်လူနေတဲများ လိုအပ်လာတော့ မည်ဖြစ်ပါသည်။ လောလောဆယ်ဒုက္ခသည် ၃ဝ,ဝဝဝအတွက် တဲများလိုအပ်လျက်ရှိပြီး လက်ရှိရန်ပုံငွေအရ ဒုက္ခသည် ၄,ဝဝဝ သည် ရေသန့်အခက်အခဲနှင့် မိလ္လာရေဆိုးများကြောင့် အန္တရာယ်ဖြစ်စေနိုင်သည်။ သန့်ရှင်း သည့်ရေမလုံလောက်မှုနှင့် အိမ်သာအသစ်မဆောက်လုပ်ပေးနိုင်မှုကြောင့် ကာလဝမ်းရောဂါ တစ်နေ့ထက် တစ်နေ့တိုးတက်ဖြစ်ပွားလျက်ရှိပါသည်။ ဒါဒါအပ်မြို့ရှိ ဟာဂါဒရာဒုက္ခသည်စခန်းတွင် ကျန်းမာရေးအတွက် လုပ်သားနှင့်ဆေးပစ္စည်းများမှာ ဝန်နှင့်မမျှဖြစ်လျက်ရှိသည်။ ၂ဝ၁၂ခုနှစ်အောက်တိုဘာလတွင် ရန်ပုံငွေ ပြတ်လပ်မှုအရ ကျန်းမာရေးလုပ်သားများထားရှိနိုင်တော့မည်မဟုတ်ပေ။
          ကလေးငယ် ၁၆၄,ဝဝဝ တွင် ၇ဝ ရာခိုင်နှုန်းကျော်မှာ ဒါဒါအပ်ရှိဒုက္ခသည်စခန်းများတွင် ရှိပြီးအများစု မှာ ကျောင်းနေရန်အခွင့်အလမ်းနည်းပါး၍ ကျောင်းမတက်သူများဖြစ်ပါသည်။ အရွယ်ရောက်သူများမှာ အလုပ် အကိုင်ရရှိရန် အခွင့်အလမ်းနည်းပါးပြီး  စစ်ထဲဝင်သူနှင့် ဓားပြတိုက်သူများသာဖြစ်သွားလေ့ရှိသည်။ ၂ဝ ရာခိုင်နှုန်း သော မိသားစုများမှာ ခြိမ်းခြောက်မှုနှင့်နှောင့်ယှက်တိုက်ခိုက်မှုများ ကြုံတွေ့နေရပြီး တရားဥပဒေကင်းမဲ့လျက် ရှိသည်။ အမျိုးသမီးများနှင့် မိန်းကလေးများသည် ထင်းခွေသွားစဉ်နှင့်ဝေးလံသည့်ခြုံများတွင် အိမ်သာတက်ရန် သွားစဉ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများခံစားနေရကြောင်း၊ ၂ဝ၁၂ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း အမျိုးသမီး ၃၆ ရာခိုင်နှုန်းမှာ လိင်ပိုင်းဆိုင်ရာပဋိပက္ခနှင့်ကြုံတွေ့ခဲ့ရကြောင်း တိုင်ကြားမှုများအရ သိရှိရသည်။ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပျိုးထောင်ပေးမှုလိုအပ်လျက်ရှိပြီး လူနေတဲမလုံလောက်မှုမှာ အဓိကအားနည်းချက်ဖြစ်သည်။
          ဒါဒါအပ်သည် နှစ်ပေါင်း ၂ဝ ကြာတည်ရှိခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့်နှစ်များက ဆိုမာလီဒုက္ခသည် ၁၆ဝ,ဝဝဝမှာအစုလိုက်အပြုံလိုက်ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ ဒုက္ခသည်စခန်းမှာ ယာယီဖြေရှင်းမှုတစ်ခု သာဖြစ်ပြီး လက်ရှိတွင်အရေအတွက်တိုးပွားလာနေသဖြင့် ဆက်လက်ရပ်တည်ရန်မလွယ်ကူတော့ပေ။ အခြေအနေ များအား ပြုပြင်ပြောင်းလဲပေးရန်အတွက် အရေးတကြီးလိုအပ်လျက်ရှိပါသည်။ အေဂျင်စီအနေဖြင့် ဆိုမာလီ နိုင်ငံတည်ငြိမ်ရေးအတွက် တောင်းဆိုလျက်ရှိပြီး ငြိမ်းချမ်းမှုရရှိမှသာ ဒုက္ခသည်များမိမိနိုင်ငံသို့ ပြန်လည်နေထိုင်နိုင် မည်ဖြစ်ပြီး အလုပ်အကိုင်ရရှိ၍ နိုင်ငံ၏အခြေခံအဆောက်အဦများကို ဆောက်လုပ်နိုင်မည်ဖြစ်ပါသည်။ လက်ရှိ အခြေအနေတွင် ဒုက္ခသည်တစ်ဦး၏ကုန်ကျစရိတ်အတွက် ထောက်ပံ့ပေးနိုင်မှသာ ဒေသတွင်း လုံခြုံမှုကို ထိန်းသိမ်း နိုင်မည်ဖြစ်ကြောင်း Oxfam  အကြီးအကဲ Nigel Tricks မှပြောကြားခဲ့ပါသည်။

ဒေါက်တာမျိုးချစ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်