Sunday, July 15, 2012

ပြည်မြို့ မှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်ရှေ့တွင် လွမ်းသူပန်းခွေချခွင့်မပြု

Posted by drmyochit Sunday, July 15, 2012, under | No comments

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်ရှေ့တွင် NLD အဖွဲ့ချုပ်ပန်းခွေ
၊ကျာင်းသား ၊လူထု ၊လူတန်းစားအဖွဲ့အစည်းအသီးသီးနှင့်
ဋ္ဌာနဆိုင်ရာများ ပန်းခွေများချခဲ့သည် မှတ်တမ်းဓါတ်ပုံ

ပြည်မြို့က ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ် ရှေ့တွင်
(19-7-1991) က NLD အဖွဲ့ချုပ်က အာဇာနည်နေ့အတွက်
ပန်းခွေချဂါဝရပြုရန်ဆောင်ရွက်နေသည့်  မှတ်တမ်းဓါတ်ပုံ

အာဇာနည်နေ့တွင် ပြည်မြို့(HRDP)လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်က
( HRDP )အနေနဲ့  10-7-2012 နေ့ နေလည်2နာရီ15မိနစ်အချိန်မှာ မြို့နယ်ရဲတပ်ဖွဲ့မှုးထံ
အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်ရှေ့တွင် လွမ်းသူပန်းခွေချဖို့
အတွက်ငြိမ်းချမ်းစွာစုဝေးခြင်း၊ စီးတန်းလှည့်လည်ခွင့်ပြုရန်လျှောက်ထားခဲ့တယ်။

11-7-2012 ရက်နေ့ ည ၉ နာရီမှာ တရားလွှတ်တော်ရှေ့နေဦးမြင့်အေးထံ မြို့နယ်ရဲတပ်ဖွဲ့မှူး
ထံက ခွင့်ပြုမိန့်မရ ကြောင်း သဘောထားပြန်ကြားခဲ့ပါတယ်။ HRDP လူ့အခွင့်အရေးကာကွယ်
မြှင့်တင်သူများကွန်ယက်ကလည်း ခွင့်ပြုမိန့် ရဖို့ အယူခံတက်ထားကြောင်းသိရပါတယ်။ 

ခွင့်ပြုမိန်မရတဲ့ အကြောင်း ရဲတပ်ဖွဲ့ မှူးမှ ပြန်ကြားစာ။


From သစ်ထူးလွင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်