Sunday, July 15, 2012

အမေရိကန်နှင့်ရုရှားနိုင်ငံတို့ ဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့ခြင်း

Posted by drmyochit Sunday, July 15, 2012, under | No comments


အမေရိကန်နှင့် ရုရှားနိုင်ငံတို့အကြား ဆီးရီးယားအရေး ကိစ်္စနှင့်ပတ်သက်၍ ဆက်ဆံရေး တင်းမာ မှုများ ဖြစ်ပွားနေသော်လည်း အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များဥက်္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာတင်ဒမ်းဆေးသည် ရုရှားနိုင်ငံ၏ ပထမဒုတိယကာကွယ်ရေးဝန်ကြီးနှင့်စစ်ဦးစီးချုပ် နီကိုလိုင်းမာကာရော့ဗ်နှင့် ဇူလိုင်လ ၁၂ ရက်နေ့က ပင်တဂွန် တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Newsnow သတင်းတစ်ရပ်အရသိရှိရပါသည်။ ဆီးရီးယားနိုင်ငံအပေါ် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ချမှတ်မည့်အစီအစဉ်သည် လက်ခံနိုင် ဖွယ်မရှိဟု ရုရှားနိုင်ငံကဆန့်ကျင် ကန့်ကွက်လျက်ရှိစဉ် အဆိုပါ နှစ်နိုင်ငံ တာဝန်ရှိသူများေ တွ့ဆုံဆွေးနွေးပွဲ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါသည်။ ၎င်းဆွေးနွေးပွဲ၌ ဥရောပဒေသအတွင်း တပ်ဖြန့် ချထားမည့် NATO ၏ ဒုံးပျံကာကွယ်ရေးစနစ်များနှင့် ပတ်သက် သည့်အစီအစဉ်များအား အဓိက ထားဆွေးနွေးနိုင်မည်ဟုမျှော်လင့်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် ၎င်းဒုံးပျံ စနစ်များသည် ၎င်းတို့ နိုင်ငံအားခြိမ်းခြောက်ခြင်းမဟုတ်ဟု အာမခံချက်ရရှိရေးတောင်းဆိုနေကြောင်းနှင့် NATO အဖွဲ့ကလည်း ၎င်းဒုံးပျံစနစ်များသည် အီရန်နိုင်ငံ ကဲ့သို့သော အရှေ့အလယ်ပိုင်းေ ဒသမှခြိမ်းခြောက် လာနိုင်သည့် အန္တရာယ်များအား ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားလျက်ရှိကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်