RT.com; July-12(Thu)
အီဂျစ်၏ ကြီးမားသော ပိရမစ်များအား ဖျက်ဆီးသွားကြရန်
ဘာရိန်းရှိ ဆွန်နီမွတ်စလင် ဘာသာရေး ခေါင်းဆောင်တစ်ဦးမှတောင်းဆိုခဲ့ကြောင်း ကောလဟာလကဲ့သို့
ထွက်ပေါ်လာခဲ့သည်။ ၎င်းးမှာ ဘာရိန်းအစိုးရ ၏အမျိုးသားအဖွဲ့အစည်း Twitter
account
တစ်ခုမှ Abd
al-latif al-Mahmoud အမည်ဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ၎င်းဖော်ပြချက်တွင်
မိမိကိုယ်ကို al-Mahmoud အဖြစ် လိမ်လည်ဖော်ပြထားပြီး အီဂျစ်ပိရမစ်ရုပ်ထုများသည်
ရုပ်ထုကိုးကွယ်မှုဖြစ်ကြောင်း၊ ၎င်းတို့ အားဖျက်ဆီးသွားရန် အီဂျစ်သမ္မတသစ်ထံတောင်းဆိုမှုပါရှိပါသည်။
အခိျု့ရှေးရိုးဆန်သူများသည် Websit
များကိုအသုံးပြု၍ အီဂျစ်အစ္စလာမစ်အစိုးရအပေါ်တွင် နှိုးဆော် သတိ ပေးမှုများကို ဆောင်ရွက်ခဲ့ကြသည်။
၎င်းကောလဟာလသတင်းတွင် al-Mahmoud မှ ကိုင်ရိုလူထုအား
ရှေးယခင်က ဆာဟာဘီအမ်ဘင်အာလ်အက်စ် မဖျက်နိုင်ခဲ့သည့်ပိရမစ်များကို ပြီးအောင်လုပ်ကြရန်
တိုက်တွန်း ထားပါသည်။ အမ်ဘင်အာလ်အက်စ်သည်
တမန်တော်မဟာမတ်၏ရဲဘော်ရဲဘက်တစ်ဦးဖြစ်ပြီး
ရှေးမျိုးနွယ်စု မှဆင်းသက်လာသူဖြစ်ကာ ၎င်းသည်အီဂျစ်ပြည်အား သက္ကရာဇ် ၆၄၁ တွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။
အစ္စလာမ္မစ် ဥပဒေအတိုင်း အီဂျစ်နိုင်ငံအားအုပ်ချုပ်ခဲ့ပြီး များစွာသောအီဂျစ်၏ရှေ့ဟောင်းအမွေအနှစ်ရုပ်ထုများကို
ဖျက်ဆီးခဲ့ပါသည်။ ထိုသို့အမွေအနှစ်များဖျက်ဆီးရာတွင် ပိရမစ်များကိုဖျက်ဆီးမှုအား ၇ ရာစုအတွင်းတားမြစ်
ခဲ့သဖြင့် ၎င်းအဆောက်အအုံများမှာ ယခုအထိကျန်ရှိနေခြင်းဖြစ်ပါသည်။ ထိုသို့အယောင်ဆောင်သတင်းသည်
အာရပ်မီဒီယာလောကသို့ တစ်ပြိုင်တည်းဖြစ်ပေါ်လာခြင်းမှာ ယဉ်ကျေးမှုအမွေအနှစ်များအား ဖျက်ဆီးရန်
ရည်ရွယ်၍လှုံ့ဆော်သည့် ဘာသာရေးအစွန်းရောက်သူများလက်ချက်ပင်ဖြစ်ပါသည်။
မာလီနိုင်ငံတင်ဘာတူမြို့တွင် ထင်ရှားကျော်ကြားသည့်အထွဋ်အမြတ်ထားရာ
အုတ်ဂူဗလီသင်္ချိုင်း Djingareyber အား အစ္စလာမစ်စစ်သွေြးွကများမှ
ဇူလိုင်လ ၁ဝ ရက်နေ့ကဖျက်ဆီးခဲ့ကြကြောင်း မျက်မြင်သက်သေ များ၏ ပြောပြချက်အရသိရှိရသည်။
၎င်းးဂူဗိမာန်မှာ UNESCO ၏ ကမ္ဘာ့ယာဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်
အစ္စလာမ်ဘာသာဝင်သူတော်စင်များမြှုပ်နှံထားသည့် ဂူဗိမာန်တစ်ခုဖြစ်သည်။ အယ်လ်ကိုင်ဒါနှင့်
ဆက်စပ်သည့် Ansar time အုပ်စုမှ
၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဒေါက်တာမျိုးချစ်
0 comments:
Post a Comment