Tuesday, August 07, 2012

ဆီးရီးယားအစိုးရစစ်လေယာဉ်များက Aleppo မြို့ရှိ သူပုန်နေရာများအား တိုက်ခိုက်ခဲ့ခြင်း

Posted by drmyochit Tuesday, August 07, 2012, under | No comments


CNA.com;Aug-6(Mon)
 
သြဂုတ်လ ၅ ရက်နေ့တွင် ဆီးရီးယား အစိုးရစစ် လေယာဉ်များက ဆီးရီး ယားနိုင်ငံ ဒုတိယ အကြီးဆုံး Aleppo မြို့ရှိ သူပုန်နေ ရာများကို တိုက်ခိုက် ခဲ့ပြီးနောက် မြေပြင်ထိုး စစ်ဆင်နွှဲ ရန်အတွက် အစိုးရ တပ်ဖွဲ့ဝင် ၂ဝ,ဝဝဝ ဦးကျော်က Aleppo မြို့ ပတ်ဝန်း ကျင်တွင် စုဖွဲ့၍ ဝိုင်းပတ်ပိတ် ဆို့ထားကြောင်း သိရှိ ရပါသည်။ တစ်ချိန် တည်းတွင် ဒမတ်စ ကတ်မြို့ တော်ရှိ ဘတ်စ်ကား တစ်စီးပေါ် မှနေ၍ ဖမ်းဆီးခံ ခဲ့ရသော အီရန် နိုင်ငံသား ၄၈ ဦး ပြန်လွှတ် ပေးရေး နှင့်ပတ်သက်၍ ဆီးရီးယား အတိုက်အ ခံများနှင့် ဆက်သွယ် မှုရှိသည့် အစိုးရအဖွဲ့ အစည်းများထံ အီရန်နိုင်ငံ က အကူအညီ တောင်းခံ လျက်ရှိပါသည်။ ၄င်းတို့ဖမ်း ဆီးထားသည့် ဓားစာ ခံများမှာ အီရန်တော် လှန်ရေး အစောင့် တပ်ဖွဲ့ဝင်များသာ ဖြစ်သည်ဟု ဆီးရီးယား အတိုက်အခံ သူပုန်များက တုံ့ပြန်ပြော ကြားခဲ့ကြောင်း အာရပ် သတင်းရုပ်/သံလိုင်း တစ်ခုက ထုတ်လွှင့် ဖော်ပြခဲ့ပါသည်။

ဆီးရီးယား စစ်ဘက်သည် နိုင်ငံ၏စီးပွားရေး မြို့တော် ဖြစ်သော Aleppo မြို့သို့ အင်အားဖြည့် တပ်ဖြန့်ချ ထားပြီးဖြစ်ကာ အဆုံးအဖြတ် ပေးမည့်ထိုးစစ် ကြီးတစ်ရပ် ဆင်နွှဲရန် အသင့်ရှိ နေပြီဖြစ်ကြောင်း ဆီးရီးယား အဆင့်မြင့် လုံခြုံရေး အရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ အကြမ်းဖက် သူပုန်များကို နှိမ်နင်း ဖယ်ရှား နိုင်ရန်အတွက် လမ်းများ ပေါ်တွင် တိုက်ပွဲများ ဆင်နွှဲရဖွယ် ရှိသဖြင့် ၄င်းထိုးစစ် ဆင်မှုသည် ကြာမြင့် ဖွယ်ရှိကြောင်း အဆိုပါ အရာရှိက AFP သတင်း ဌာနသို့ ဆက်လက် ပြောကြား ခဲ့ပါသည်။ ထပ်ဖြည့် တပ်များ အားလုံး ရောက်ရှိနေပြီး ဖြစ်ကာ Aleppo မြို့ကို ဝန်းရံထား ပြီးဖြစ်ကြောင်း၊ ဆီးရီးယား စစ်ဘက်သည် ထိုးစစ် ဆင်နွှဲရန်အ သင့်ရှိနေပြီ ဖြစ်ပြီး အမိန့်ပေး မှုကိုစောင့် ဆိုင်းလျက် ရှိကြောင်း ၄င်းအရာရှိက ထပ်လောင်း ပြောကြား ခဲ့ပါသည်။  
သြဂုတ်လ ၅ ရက်နေ့ နံနက်တွင် Aleppo  မြို့၌ဖြစ် ပွားခဲ့သော ပဋိပက္ခအတွင်း သူပုန် ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ၌ဖြစ်ပွား ခဲ့သော အကြမ်းဖက် ပဋိပက္ခ များတွင် နောက်ထပ် ၃၈ ဦး ထပ်မံသေဆုံးခဲ့ပြီး အရပ်သား ၂၄ ဦး၊ စစ်သား ၁ဝ ဦးနှင့် သူပုန် ၄ ဦးဖြစ်ကြောင်း ဗြိတိန်အ ခြေစိုက်ဆီး ရီးယားလူ့ အခွင့်အရေး လေ့လာ စောင့်ကြည့် ရေးအဖွဲ့က ပြောကြား ခဲ့ပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်