Tuesday, August 07, 2012

ဆီးရီးယား နိုင်ငံ၌ ပြန်ပေးဆွဲခံ ထားရသည့် အီရန် ဘုရားဖူးများ ပြန်လည်လွတ် မြောက်ရေးအတွက် အကူအညီပေးရန် တူရကီနိုင်ငံနှင့် ကာတာနိုင်ငံ များအား အီရန်နိုင်ငံမှ တောင်းဆိုလိုက်ခြင်း

Posted by drmyochit Tuesday, August 07, 2012, under | No comments


RIA.Novosti.com;Aug-5(Sun)
ဆီးရီးယား နိုင်ငံ၌ ပြန်ပေးဆွဲ ခံထားရသည့် အီရန် ဘုရားဖူးများပြန် လည်လွတ်မြောက်ရေးတွင် အကူအညီ ပေးရန် တူရကီ နိုင်ငံနှင့် ကာတာ နိုင်ငံတို့သို့ အီရန်နိုင်ငံ ခြားရေးဝန်ကြီး Ali  Akbar Salehi က တောင်းဆိုခဲ့ကြောင်း ဒေသမီဒီ ယာတစ်ခုမှ သြဂုတ်လ ၅ ရက်နေ့ တွင်ထုတ်ပြန် ခဲ့ပါသည်။ အီရန်နိုင်ငံ ခြားရေးဝန်ကြီး Ali  Akbar Salehi သည် တူရကီနိုင်ငံ ခြားရေးဝန်ကြီး Ahmet Davutoglu နှင့် ကာတာနိုင်ငံခြား ရေးဝန်ကြီး Sheikh Hamad bin Jassim al-Thani တို့အား သြဂုတ်လ ၄ ရက်နေ့တွင် တယ်လီဖုန်း ဖြင့်ဆက်သွယ် ဆွေးနွေး၍ ပြန်ပေးဆွဲခံထားရသော အီရန် ဘုရားဖူးများ လွတ်မြောက် ရေးအတွက် အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ပါသည်။ သြဂုတ်လ ၄ ရက်နေ့ အစောပိုင်းတွင် ဒမတ်စကတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Hazart Zainab ဘုရားရှိခိုး ကျောင်းသို့ ဘတ်စ်ကား တစ်စီးဖြင့် သွားရောက် လျက်ရှိသော အီရန် ဘုရားဖူး ၄၈ ဦးအား လက်နက်ကိုင် အကြမ်းဖက် သမားများက ပြန်ပေးဆွဲ ခဲ့ခြင်းဖြစ်ပါသည်။ ဆီးရီးယား နိုင်ငံရှိ အီရန်ကောင် စစ်ဝန်ရုံးက ပြန်ပေး ဆွဲခံရသော အီရန်နိုင်ငံသား လွတ်မြောက်ရေး အတွက် ဆီးရီးယား လုံခြုံရေးတပ် ဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်လုပ် ဆောင်သွားမည် ဖြစ်ကြောင်း သြဂုတ်လ ၄ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။
ယခု ပြန်ပေးဆွဲ ခံရခြင်းသည် ပထမဦးဆုံး အကြိမ်မဟုတ်ဘဲ ဇန်နဝါရီလ အတွင်း၌လည်း ဒမတ်စကတ် မြို့နှင့် အနောက်မြောက်ပိုင်း Aleppo မြို့သို့ သွားရောက် သည့်လမ်းတွင် အီရန်ဘုရားဖူး ၁၁ ဦးအား လက်နက်ကိုင် အကြမ်းဖက် သမားများမှ ပြန်ပေးဆွဲခဲ့ဖူး ကြောင်းလည်း သိရှိရပါသည်။  ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ကလည်း Homs မြို့တွင် အင်ဂျင်နီယာ ၅ ဦးအား လက်နက်ကိုင် အကြမ်းဖက် သမားများမှ ပြန်ပေးဆွဲခဲ့ကြောင်း၊ အဆိုပါ အင်ဂျင်နီယာ များမှာ အီရန်နည်း ပညာအကူအညီဖြင့် တည်ဆောက်နေသော Jandar စွမ်းအင်စက်ရုံ၌  အလုပ်လုပ်ကိုင် နေသူများ ဖြစ်ကြောင်း သိရှိရပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်