Tuesday, August 07, 2012

တရုတ်နိုင်ငံက ဂျပန်နိုင်ငံ၏ကာကွယ်ရေးစက္ကူဖြူစာတမ်းတွင်ဖော်ပြခဲ့သော ဝေဖန်မှုအားဆန့်ကျင်ကန့်ကွက်ခဲ့ခြင်း

Posted by drmyochit Tuesday, August 07, 2012, under | No comments


တရုတ် နိုင်ငံအ နေဖြင့် ဂျပန်နိုင် ငံကမ ကြာသေး မီကထုတ် ဝေခဲ့သော ကာကွယ် ရေးစက္ကူ ဖြူစာ တမ်းတွင် တရုတ် နိုင်ငံ၏ အမျိုးသား ကာကွယ် ရေးမူဝါဒ နှင့်ပတ်သက် သည့်ဖော် ပြမှုသည် အခြေအမြစ် မရှိသော ဖော်ပြမှုများ ဖြစ်သဖြင့် ဆန့်ကျင် ကန့်ကွက်ကြောင်း တရုတ် ကာကွယ် ရေးဝန်ကြီး ဌာနပြော ရေးဆို ခွင့်ရှိGeng Yansheng ကသြ ဂုတ်လ ၂ ရက်နေ့ တွင်ပြော ကြားခဲ့သည်ဟု Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။တရုတ် နိုင်ငံ၏ စစ်ရေး မူဝါဒနှင့် ပတ်သက်၍ ဂျပန်အာဏာ ပိုင်များအား အသိပေး ပြောကြား ခဲ့ပြီး ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် ငြိမ်းချမ်း စွာဖွံ့ဖြိုး တိုးတက် ရေးနှင့် ခံစစ်ဦး စားပေး စစ်ရေး မူဝါဒ ကိုသာ လက်ကိုင် ထားလျက် ရှိကြောင်းGeng ကပြော ကြားခဲ့ ပါသည်။ တရုတ် နိုင်ငံ၏ အမျိုးသား ကာကွယ် ရေးအား မြှင့်တင် ခြင်းသည် တရုတ် နိုင်ငံ၏ အချုပ် အခြာအာ ဏာအား ထိန်းသိမ်း ရန်လိုအပ် မှုအရ လုပ်ဆောင် ခြင်းဖြစ်ပြီး မည်သည့် နိုင်ငံ ကိုမှ ခြိမ်းခြောက်ရန် မရည် ရွယ်ကြောင်း၊ ဂျပန် နိုင်ငံသည် စစ်လက် နက်ပစ္စည်း ဆက်လက် ဝယ်ယူမှု၊ စစ်ရေး ဆိုင်ရာ မဟာ မိတ်ဖွဲ့မှုနှင့်ဒေ သတွင်း လုံခြုံရေးနှင့်ပတ်သက်သည့် မဟုတ် မမှန်ပြော ဆိုမှုတို့ကဲ့ သို့သော အကြောင်း ပြချက်များ လုပ်ဆောင် ခြင်းအားဖြင့် နိုင်ငံတ ကာကိုစိုး ရိမ်မှုဖြစ် စေခဲ့ကြောင်း၊ ဂျပန် အနေဖြင့် ၄င်း၏ ကာကွယ် ရေးမူဝါဒ အားဆန်း စစ်ပြီးဒေသ တွင်းတည်ငြိမ် အေးချမ်း ရေးအား ပိုမိုလုပ် ဆောင်သင့်ကြောင်း Geng ကပြော ကြားခဲ့ ပါသည်။ ဂျပန်နိုင် ငံ၏ ဇူလိုင်လ ၃၁ ရက် နေ့က ထုတ်ပြန် ခဲ့သော နှစ်ပတ်လည် ကာကွယ်ရေး ဆိုင်ရာစက္ကူ ဖြူစာ တမ်းတွင် တရုတ် နိုင်ငံသည် အရှေ့ တရုတ် ပင်လယ်၊ တောင်တရုတ် ပင်လယ်နှင့် ပစိဖိတ် သမုဒ္ဒရာ တို့အပါအဝင် ဂျပန်နိုင်ငံ အနီးရေပိုင် နက်များတွင် စစ်ရေး လှုပ်ရှား မှုများနှင့် စစ်ဆင်မှု များတိုးမြှင့် လုပ်ဆောင် လာဖွယ် ရှိကြောင်း ဖော်ပြခဲ့ သည်ဟု သိရှိရ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်