Tuesday, August 07, 2012

သြစတြေးလျနိုင်ငံအနေဖြင့် အမေရိကန်ရေတပ်အခြေစိုက်စခန်းထားရှိခွင့်ပြုရန် အစီအစဉ်မရှိဟုဆို

Posted by drmyochit Tuesday, August 07, 2012, under | No comments


သြစတြေး လျနိုင်ငံ အနေဖြင့် အမေရိကန်နျူ ကလီးယားစွမ်းအင် သုံးလေ ယာဉ်တင် သင်္ဘောတစ်စီး နှင့်အခြားစစ် သင်္ဘောများ အတွက် နိုင်ငံအတွင်း အခြေ စိုက်စခန်း ထားရှိရန် အဆိုပြု မှုကို သြစတြေး လျကာကွယ်ရေး ဝန်ကြီး စတီဖင် စမစ်က ငြင်းပယ် ခဲ့ကြောင်း သြဂုတ်လ ၃ ရက်နေ့ AFP သတင်း တစ်ရပ်အရ သိရှိရ ပါသည်။အာရှ-ပစိဖိတ် ဒေသတွင် အမေရိ ကန်နိုင်ငံ၏ စစ်အင်အား တည်ဆောက် ရေးအတွက် သြစတြေး လျနိုင်ငံပါ့သ် မြို့အနီးရှိ သြစတြေး လျအနောက်ပိုင်း ရေတပ်အ ခြေစိုက် စခန်းတွင် အမေရိကန် လေယာဉ်တင် သင်္ဘော အုပ်တစ် အုပ်နှင့် အခြားသော ဂျက်တိုက် လေယာဉ်များကို အခြေစိုက် ထားရှိရန် ဦးစားပေး စဉ်းစား လျက်ရှိ ပါသည်။ဝါရှင်တန် အခြေစိုက် မဟာဗျူ ဟာနှင့်နိုင်ငံတ ကာလေ့လာ ရေးဌာန အနေဖြင့် ၄ှင်းအစီ ရင်ခံစာအား ကွန်ဂရက်သို့ တင်သွင်း ထားကြောင်း သြစတြေး လျနိုင်ငံက ပြောကြား ခဲ့ပါသည်။ အမေရိကန် နိုင်ငံအ နေဖြင့် သြစတြေးလျ နိုင်ငံအ နောက်ပိုင်း ရေတပ်အခြေ စိုက်စခန်းကို ကာလရှည် အသုံးပြု ခွင့်ရရှိခဲ့ သော်လည်း သြစတြေး လျနိုင်ငံ အနေဖြင့် အမေရိ ကန်နိုင်ငံ၏ လေယာဉ် တင်သင်္ဘော များအား အခြေစိုက်ထား ရှိခွင့်ပေး လိမ့်မည်မ ဟုတ်ကြောင်း စမစ်က သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ဖော် ပြော ကြားခဲ့ သည်ဟု သိရှိ ရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်