Tuesday, August 07, 2012

တရုတ်နိုင်ငံအားဆန့်ကျင်သောဆန္ဒပြမှုတွင် ပါဝင်သူများအား ဗီယက်နမ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း

Posted by drmyochit Tuesday, August 07, 2012, under | No comments

CNA.com;Aug-5(Sun)
အငြင်းပွား လျက်ရှိသော တောင်တရုတ် ပင်လယ်အတွင်း တရုတ်နိုင်ငံ ၏ပိုင်နက်နယ် မြေတောင်းဆို မှုအား ဆန့်ကျင်သည့် ကန့်ကွက် ဆန္ဒပြမှု တစ်ခု ဟနွိုင်းမြို့ ၌ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ဆန္ဒပြသူ ၂ဝ ကျော်အား ဗီယက်နမ် ရဲတပ်ဖွဲ့မှ ထိန်းသိမ်းခဲ့ကြောင်း မျက်မြင်တွေ့ ရှိသူများမှ ပြောကြား ခဲ့ပါသည်။ သြဂုတ်လ ၅ ရက်နေ့တွင် ကန့်ကွက် ဆန္ဒပြသူ များအား အသင့်စောင့် နေသော ဘတ်စ်ကားများ ပေါ်သို့ အတင်းအကြပ် တက်ရောက် စေခဲ့ပြီး ၄င်းတို့အား လိင်လုပ် သားများနှင့် ဆေးစွဲသူ များအား ထိန်းသိမ်း ရာတွင်အ သုံးပြုသည့် ပြန်လည် ထူထောင်ရေး စခန်းများသို့ ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ကြောင်း ထိန်းသိမ်းခံ ရသူတစ်ဦးမှ AFP သတင်းဌာနသို့ ပြောကြား ခဲ့ပါသည်။ ဆန္ဒပြသူ များသည် ဗီယက်နမ် အလံများ၊ စာတမ်း များဝှေ့ ရမ်းကာ တရုတ်နိုင်ငံ ၏ကျူးကျော် ရန်စမှုများ ကျဆုံးပါ စေဟု ကြွေးကြော် ခဲ့ကြပါသည်။
ဟနွိုင်းမြို့တွင် တက်ကြွ လှုပ်ရှားသူ များကြောင့် တစ်လ ကျော်ကာ လအတွင်း ဆန္ဒပြမှု ၄ ကြိမ် ရှိခဲ့ကြောင်း၊ ပြီးခဲ့သော ၃ လအတွင်း ဆန္ဒပြမှုတွင် ဖမ်းဆီး ထိန်းသိမ်းမှု များမရှိ ခဲ့ကြောင်း သိရှိရ ပါသည်။ တောင်တ ရုတ်ပင်လယ် အတွင်း အငြင်းပွား မှုများမြင့်မား လာချိန်၌ အဆိုပါကန့် ကွက်ဆန္ဒပြမှု များဖြစ်ပေါ်ခဲ့ ခြင်းဖြစ်ပြီး တရုတ်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့သည် Spratly နှင့် Paracellူ ကျွန်းတို့အား ပိုင်ဆိုင်မှု နှင့်ပတ်သက်၍ ကာလကြာ ရှည်စွာ အငြင်းပွား မှုများ ဖြစ်ပွားလျက် ရှိကြောင်း သိရှိရ ပါသည်။ Spratly ကျွန်းများအား ဗီယက်နမ် နိုင်ငံ၏ အချုပ်အခြာ အာဏာ အောက်တွင် ထားရှိသော ဥပဒေ တစ်ရပ်ကို ဗီယက်နမ် နိုင်ငံက ပြဋ္ဌာန်းခဲ့ပြီး နောက်တွင် တရုတ်နှင့် ဗီယက်နမ်နိုင်ငံ အကြား ဆက်ဆံရေး သည်လည်း အနည်းငယ် တင်းမာခဲ့ ရပါသည်။ တောင်တရုတ် ပင်လယ် တစ်ခုလုံးကို မိမိတို့ ပိုင်ဆိုင်ကြောင်း တရုတ် နိုင်ငံက တစိုက်မတ် မတ်ပြောကြား ခဲ့ပါသည်။ အလား တူပင် တောင်တရုတ် ပင်လယ် အား ထိုင်ဝမ်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင် တို့မှလည်း ပိုင်ဆိုင်ကြောင်း ပြောကြားလျက် ရှိပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်