Tuesday, August 07, 2012

ဆီးရီးယားတပ်ဖွဲ့များက မြို့တော် ဒမတ်စကတ်အား အပြည့်အဝထိန်းချုပ်နိုင်ခဲ့သည်ဆိုခြင်း

Posted by drmyochit Tuesday, August 07, 2012, under | No comments


NHK.or.jp.com;Aug-5(Sun)
ဆီးရီးယား သမ္မတ ဘက်ရှ်ဟာ အယ်လ်အာ ဆတ်အပေါ် သစ္စာခံ သည့်တပ်ဖွဲ့ များသည် မြို့တော် ဒမတ်စ ကတ်ရှိ အတိုက် အခံများ၏ အမာခံနယ် မြေအားလုံးကို ပြန်လည်သိမ်း ပိုက်နိုင်ခဲ့ကြောင်း ဆီးရီးယား စစ်ဘက် အရာရှိ တစ်ဦးက ပြောကြား ခဲ့ပါသည်။ ဒမတ်စကက် မြို့လယ်ခေါင် အနီးရှိ အတိုက်အခံ တပ်ဖွဲ့များအား ဆီးရီးယား စစ်ဘက်က သြဂုတ်လ ၂ ရက်နေ့တွင် တင့်ကားများ ကိုအသုံးပြု တိုက်ခိုက် ခဲ့ပါသည်။ ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များသည် မြို့တော်ရှိ နေရာအနှံ့ အပြားအား ဇူလိုင်လ လယ်ပိုင်းမှစ၍  ထိုးစစ်ဆင်မှု အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပါသည်။ မြို့တော် ဒမတ် စကက်ရှိ အတိုက်အခံ တို့၏နေရာ အားလုံးကို ဆီးရီးယား တပ်ဖွဲ့များက သြဂုတ်လ ၃ ရက်နေ့တွင် ပြန်လည် သိမ်းပိုက်နိုင် ခဲ့ကြောင်း စစ်ဘက်ခေါင်း ဆောင်တစ်ဦးက မီဒီယာ များသို့ ပြောကြား ခဲ့ပါသည်။ ဆီးရီးယား အစိုးရတပ်ဖွဲ့ များသည် မြောက်ပိုင်း Aleppo မြို့၌လည်း ၄င်းတို့၏ ထိုးစစ်ဆင်မှုအား အရှိန် မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။ 
သြဂုတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် သေဆုံးသူ အရေအတွက်မှာ အရပ်သားများ အပါအဝင် စုစုပေါင်း လူ ၂ဝ ကျော်သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေ စိုက်လူ့အခွင့် အရေးလေ့လာ စောင့်ကြည့်ရေးအဖွဲ့ တစ်ဖွဲ့က ပြောကြားခဲ့ပါသည်။ အစိုးရတပ်ဖွဲ့ ဝင်များသည် ဆင်ခြင်မှု ကင်းမဲ့စွာဖြင့်  လူနေရပ်ကွက် များပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း အတိုက်အခံ တက်ကြလှုပ် ရှားသူတစ်ဦးက ရုပ်သံ သတင်း ဌာနသို့ ပြောကြားခဲ့ပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်