Tuesday, August 07, 2012

ဥဇဘက်ကစ္စတန်နိုင်ငံသည် နိုင်ငံပိုင်နက်နယ်မြေအတွင်း ပြည်ပစစ်အခြေစိုက် စခန်းများထားရှိမည်မဟုတ်ဟုဆို

Posted by drmyochit Tuesday, August 07, 2012, under | No comments



ဥဇဘက် ကစ္စတန် နိုင်ငံသည် ၄င်း၏ပိုင် နက်နယ် မြေအတွင်း ပြည်ပစစ် အခြေစိုက် စခန်းများ ထားရှိ မှုကို တားမြစ်ပိတ် ပင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သြဂုတ်လ ၂ ရက်နေ့ Newsnow သတင်း တစ်ရပ် အရသိရှိရ ပါသည်။ အဆိုပါ အခြေအ နေကြောင့် အမေရိကန် အနေဖြင့် အာဖဂန်တွင် စစ်ဆင် ရေးလုပ်ငန်း များဆောင် ရွက်ရန် အတွက် ဥဇဘက် ကစ္စတန် နိုင်ငံ၌ စစ်အခြေစိုက် စခန်း တစ်ခု ပြန်လည် ဖွင့်လှစ်နိုင် ဖွယ်ရှိသည် ဆိုသော ထင်မြင်ချက် များထွက် ပေါ်နေမှုကို အဆုံးသတ် စေခဲ့ပါသည်။ သို့သော်လည်း အဆိုပါ တားမြစ် ပိတ်ပင်မှုသည် အမေရိကန်နှင့် ဥဇဘက် ကစ္စတန် စစ်ဘက်ပူး ပေါင်းဆောင် ရွက်မှုကို အဟန့်အတား ဖြစ်စေမည်မ ဟုတ်ကြောင်း လေ့လာ ဆန်းစစ် သူအချို့ ကပြောကြား ခဲ့ပါသည်။ အဆိုပါ တားမြစ် ပိတ်ပင်မှုသည် သမ္မတ အစ္စလာမ် ကာရီမော့က အဆိုပြု ထားသော အရေးပါ သည့်နိုင်ငံခြား ရေးမူဝါဒ အနက် တစ်စိတ် တစ်ဒေသ ဖြစ်ပါသည်။ ၂ဝဝ၅ ခုနှစ် မေလတွင် အန်ဒီ ဇန်မြို့တွင် ဖြစ်ပေါ် ခဲ့သော ဆူပူအြုံ ကမှုအပေါ် အစိုးရက နှိမ်နင်း မှုကြောင့် ဥဇဘက် ကစ္စတန်၊ အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့ အကြားဆက် ဆံရေး ပျက်ပြားခဲ့ရာ ဥဇဘက်က စ္စတန်နိုင် ငံသည် ကာရှိခန်နာ ဘတ်မြို့ရှိ အမေရိကန် လေတပ် အခြေစိုက် စခန်းကို ဖျက်သိမ်း ခဲ့ပါသည်။ သမ္မတ ကာရီမော့ လက်ထက်တွင် အမေရိကန်နှင့် ဆက်ဆံရေး အခြေအနေ တိုးတက်လာ ခြင်းကြောင့် ဥဇဘက် ကစ္စတန် နိုင်ငံတွင် အမေရိကန် စစ်အခြေ စိုက်စခန်း ပြန်လည် ထားရှိလိမ့် မည်ဟူသော ပြည်တွင်း နှင့်ပြည်ပမှ ထင်ကြေး ပေးမှုများ ဖြစ်ပေါ်ခဲ့ သော်လည်း အဆိုပါ တားမြစ် ပိတ်ပင် ချက်ကြောင့် ပြည်ပစစ် အခြေစိုက် စခန်းများ၊ သို့မဟုတ် စစ်ပစ္စည်း များကို နိုင်ငံပိုင် နက်နယ်မြေ အတွင်း ထားရှိ လိမ့်မည် မဟုတ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်