Tuesday, August 07, 2012

ဗြိတိန်နိုင်ငံသည်အပျင်းရိဆုံးနိုင်ငံတွင်ပါဝင်ခြင်း

Posted by drmyochit Tuesday, August 07, 2012, under | No comments


Press TV.com;Aug-6(Mon)
            ကမ္ဘာလုံး ဆိုင်ရာလေ့ လာမှုအရ နိုင်ငံပေါင်း ၁၂၂ နိုင်ငံအား စစ်တမ်း ကောက်ယူ ခဲ့ရာတွင် ဗြိတိန်၊ ဆော်ဒီအာ ရေးဗီးယား၊ UAE နှင့် တောင်အာဖ ရိကနိုင် ငံသား များသည် ကမ္ဘာ ပေါ်တွင် အပျင်းရိ ဆုံးအဖြစ် တွေ့ရသည်။ Lancet Journal ၏လေ့လာ တွေ့ရှိချက် ဖော်ပြ မှုအရ ဗြိတိန် နိုင်ငံသည် အပျင်းရိ ဆုံးစာ ရင်းတွင် ပါဝင်ပြီး နိုင်ငံ လူဦး ရေ၏ ၆၃.၃ ရာခိုင် နှုန်းမှာလှုပ်ရှား မှုမရှိသူများ ဖြစ်ကြောင်း တွေ့ရသည်။ ဂရိနိုင် ငံသည် ပူနွေး သောမြေထဲ ပင်လယ် နိုင်ငံတစ်ခု ကဲ့သို့ဖြစ်ပြီး နေ့စဉ်အစီ ရင်ခံစာ များအရ ကျန်းမာရေး နှင့်အညီ ညွတ်ဆုံး အစား အစာများ ကို စားသုံး သည့်နိုင်ငံ ဖြစ်၍ ပျင်းရိမှု အနည်းဆုံး နိုင်ငံဖြစ်ပါသည်။ လှုပ်ရှား မှုမရှိ သူမှာ တစ်နိုင်ငံ လုံးလူဦးရေ၏         ၁၅ ရာ ခိုင်နှုန်း ခန့်သာ ရှိသည်။
            ဆော်ဒီအာ ရေးဗီး ယားနှင့် UAE နိုင်ငံများရှိ အမျိုး သမီးများသည် လူမှုရေး ကန့်သတ် ချက်များနှင့် ကြုံတွေ့ နေရပြီး အမျိုးသား များထက် အမျိုးသ မီးများမှာ လှုပ်ရှား မှုနည်း သူများဖြစ်သည်။ ဆော်ဒီအာ ရေးဗီးယား နိုင်ငံသည် တတိယ အပျင်းရိ ဆုံးနိုင်ငံ ဖြစ်ပြီး လှုပ်ရှား မှုမရှိသူ ၆၈.၈ ရာခိုင်နှုန်း ရှိသည်။ တောင်အာဖရိ ကနိုင်ငံ သည် လှုပ်ရှားမှု မရှိသူ ၅၂.၄ ရာ ခိုင်နှုန်း၊ ဘူတန် နိုင်ငံသည် လှုပ်ရှား မှုမရှိသူ ၅၂.၃ ရာခိုင် နှုန်းရှိပြီး အပျင်းဆုံး နိုင်ငံ ၂ဝ တွင် ပါဝင်သည်။ သုတေသန ပြုချက် များအရ ကမ္ဘာ့လူဦး ရေ၏သုံး ပုံတစ်ပုံ ခန့်သည် အနည်း ငယ်မျှသော ကိုယ်လက် လှုပ်ရှား မှုကိုပင် မတွေ့ ရကြောင်း၊ လေ့ကျင့် ခန်းပြုလုပ် မှုနည်းခြင်းသည် ကျန်းမာရေး ချူချာမှုနှင့် သေဆုံးမှု ကို ပိုမိုတွန်း အားပေးလျက် ရှိကြောင်း၊ လူတစ်ဦးသည် တစ်ပတ်လျှင် ၂.၅ နာရီခန့် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း ဆောင်ရွက် သင့်ကြောင်း တွေ့ရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်