Tuesday, August 07, 2012

မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းအား ပြစ်တင်ရှုတ်ချခြင်း

Posted by drmyochit Tuesday, August 07, 2012, under | No comments


တောင်ကိုရီးယား နှင့်အမေရိ ကန်နိုင်ငံတို့က သြဂုတ်လ ၂ဝ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပပြု လုပ်ရန် စီစဉ် ထားသောUlji Freedom Guardian  ပူးတွဲ စစ်ရေးလေ့ ကျင့်ခန်းအား သြဂုတ်လ ၄ ရက်နေ့တွင် မြောက် ကိုရီး ယားနိုင်ငံ ပြစ်တင်ရှုတ် ချခဲ့ကြောင်း နှင့်နူကလီးယား စစ်ပွဲတစ် ရပ်အားဟန့်တား နိုင်ရေး အတွက်ကြို တင်ပြင် ဆင်ထား ရန်တောင်း ဆိုခဲ့ကြောင်း Newsnow သတင်းတစ် ရပ်အရ သိရှိရပါသည်။ အဆိုပါ စစ်ရေးလေ့ ကျင့်ခန်းသည် မြောက်ကိုရီးယား နိုင်ငံအား သိမ်းပိုက်ရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း နှင့်ကိုရီးယား ကျွန်းဆွယ်အတွင်း စစ်ပွဲ တစ်ရပ်ပေါ် ပေါက်လာအောင် လှုံ့ဆော်သည့် လုပ်ရပ်ဖြစ် ကြောင်းမြောက် ကိုရီးယားနိုင်ငံ ကစွပ်စွဲပြော ကြားခဲ့ပါသည်။ အဆိုပါ စစ်ရေးလေ့ ကျင့်ခန်းတွင် တောင်ကိုရီး ယားတပ်ဖွဲ့ဝင် ၅၆,ဝဝဝ နှင့် အမေရိ ကန်တပ်ဖွဲ့ဝင် ၃ဝ,ဝဝဝ ခန့်ပါဝင် လေ့ကျင့်ကြ မည်ဖြစ်ပါသည်။ ထို့အပြင် ကုလသ မဂ္ဂကွပ် ကဲမှုဌာန ချုပ်အဖွဲ့ဝင် ၇ နိုင်ငံဖြစ်သော သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ နယူးဇီလန်၊ ဒိန်းမတ်၊ နော်ဝေနှင့်ပြင်သစ်နိုင်ငံ တို့မှတပ်ဖွဲ့ ဝင်အချို့ သည်လည်း အဆိုပါ စစ်ရေး လေ့ကျင့် ခန်းသို့ လေ့လာ သူများအဖြစ် တက်ရောက် သွားကြ မည်ဖြစ်ကြောင်း သိရှိ ရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်