ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ကျင်းပနေတဲ့ အစ္စလမ်ဘာသာဝင်
နိုင်ငံများအဖွဲ့ OIC ညီလာခံက မြန် မာ နိုင်ငံက ရို ဟင်ဂျာ အရေးကိစ္စကို ကုလသမဂ္ဂ
တင်ပြသွားမယ်လို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။အဖွဲ့ဝင် ၅၇ နိုင်ငံပါဝ င်တဲ့
အစ္စလမ်ဘာသာဝင်နိုင်ငံများအဖွဲ့ OIC က “မြန်မာအာဏာပိုင်တွေအနေနဲ့ ရခိုင်ပြည်နယ်က
ရိုဟင်ဂျာတွေ နိုင်ငံ သားဖြစ်ခွင့်ကို ငြင်းပယ်နေမှုနဲ့ ရိုဟင်ဂျာတွေ အပေါ်
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေတာတွေကို ရှုံ့ချကြောင်း”
ပြောဆိုလိုက်ပါတယ်။ဒါကြောင့် အိုအိုင်စီညီလာခံကနေ ရိုဟင်ဂျာအရေးကိစ္စကို လာမယ့်
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြသွားမယ်လို့ ဆုံးဖြတ်ကြောင်း အဖွဲ့ရဲ့
ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။
From -RFA
0 comments:
Post a Comment