Friday, August 17, 2012

မဟာချိုင်တွင် မြန်မာငွေ ငါးထောင်ကျပ်တန်အမြောက်အများဖမ်းမိ”

Posted by drmyochit Friday, August 17, 2012, under | No comments



ထိုင်းနိုင်ငံဘန်ကောက်မြို့ အနီး မဟာချိုင် တလာမွန်းမိုင်ေ ဈးအနီးတွင် ဖွင့်လှစ်ထားသော ကုမ္ပဏီ တစ်ခုတွင်ယမန်နေ့ က   မြန်မာကျပ်ငွေ ၅၀၀၀ တန် အတုများအား မဟာချိုင် ရဲများက ဖမ်းဆီးမိခဲ့သော် လည်း ပတ်သက်သူများအား ဘတ် ငွေ ၂သိန်း ယူကာ ပြန်လွှတ်ပေး လိုက်ေ ကြာင်း  ဒေသခံမျက်မြင် တစ်ဦး က ပြောသည် ။ ငွေစက္ကူများ အားမည် သို့မည်ပုံ ဖြေရှင်းလိုက်သည် ကိုမူ အသေးစိတ်မသိ ရသော်လည်း အဆိုပါ ကျပ်ငွေ ၅၀၀၀ တန် အတု များကို တရုတ်လူမျိုးတစ်ဦး၊ မွန်လူမျိုးတစ်ဦးနှင့် ကရင်လူမျိုး တစ်ဦးတို့ အတူတကွ လုပ်ဆောင်ကြကြောင်း၊ ကျပ်ငွေ ၅၀၀၀ တန်တစ်ရွက်အား ဘတ် ငွေ ၁၂၀ နုန်းဖြင့် အလှဲအလှယ်လုပ်ေ ကြာင်း၊ ငွေရောင်းဝယ်လုပ်ရန် စည်းရုံးခံခဲ့ရသူတစ်ဦးက ပြောသည်။အဆိုပါငွေစက္ကူ တွင် စာလုံးများပြတ် သားမှုမရှိခြင်း၊ စက္ကူပါးခြင်း၊ နံပါတ်များမကြည်လင်ခြင်းနှင့် ရေးစာများ လည်း အရောင်မထွက်ချေ။

    မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသတို့ တွင် မြန် မာငွေ စက္ကူ အတုများ အကြာခဏ ဖမ်းဆီးရကြောင်း သတင်းများတွင် တွေ့ရှိ ရသော်လည်း ထိုင်းနိုင်ငံ အတွင်းပိုင်းမဟာချိုင်မြို့တွင် ထုထည် ပမာဏ ကြီးမားစွာဖြင့် ငွေစက္ကူ အတုများဖမ်းမိခြင်းမှာ ပထမ ဦးဆုံးဖြစ်ကြောင်းသိရှိရသည်။ 

From -ရွှေလုပ်သား ဘလော့ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်