Friday, August 17, 2012

ဗဟိုဘဏ်ဖွဲ့စည်းပုံ သမ္မတရုံး ခွင့်ပြုမိန့်ဖြင့် ပြောင်းလဲ

Posted by drmyochit Friday, August 17, 2012, under | No comments



From:ခေတ်လူငယ်

သမ္မတရုံးခွင့်ပြုမိန့်ဖြင့် ဗဟိုဘဏ် ဖွဲ့စည်းပုံပြောင်းလဲမှု ပြုလုပ်လိုက်ကာ ဌာနအသစ်များ တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း မြန် မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။ ပြောင်းလဲဖွဲ့စည်းမှုတွင် ဌာနအသစ်များ ထပ်မံတိုးချဲ့ခြင်းနှင့် ရှိထားပြီးသား ဌာန ငယ်များအား ဌာနကြီးအဖြစ် ဆောင်ရွက်ခြင်းများ ပါဝင်သည်ဟု ဗဟိုဘဏ်စီမံခန့်ခွဲမှုနှင့် နည်းပညာဌာန ဌာနကြီးမှူး ဦးေ အာင် အောင်၏ ထုတ်ပြန်မှုများအရ သိရသည်။ ယခင်ရှိပြီးသား စီမံခန့်ခွဲရေးဌာနအား စီမံခန့်ခွဲမှုနှင့် နည်းပညာဌာန၊ ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်မှုဆိုင်ရာ အစရှိသည့် ကိစ္စများ ဆောင်ရွက်ရန် ရှိထားပြီးသည့် ဌာနကို ငွေ ရေးကြေးရေး အဖွဲ့အစည်းများ ကြပ်မတ်ကွပ်ကဲရေးနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဌာန စသည်ဖြင့် အမည်ပြောင်းလဲလိုက်ပြီး ဌာနအသစ်များအဖြစ် ငွေရေးကြေးရေး ဈေးကွက်ဌာန စသည်တို့ကို ဖွဲ့စည်းလိုက်ကြောင်း ဗဟိုဘဏ်မှ သိရသည်။ ညွှန်ြ ကားရေးမှူးချုပ်များ မရှိခဲ့သည့် ဗဟိုဘဏ်မှာ လက်ရှိတွင် ညွှန်ချုပ်သုံးဦးတို့မှ တူရာဌာနသုံးခုစီကို ကိုင်တွယ်၍ နေပြည်တော်နှင့် ရန်ကုန်တို့တွင် ရုံးထိုင်ကြမည်ဖြစ်ပြီး လက်ထောက်ညွှန်မှူး စသည်ဖြင့် ပြန်တမ်းဝင်အရာရှိများ၏ ရာထူးအခေါ်အဝေး အဆင့် အတန်းများကိုပါ တိုးမြှင့်ပြင်ဆင် သတ်မှတ်လိုက်ကြောင်း ဗဟိုဘဏ်ဝန်ထမ်းတစ်ဦးထံမှ သိရသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်