Friday, August 17, 2012

တူရကီနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ် ၏ ရခိုင်ပြည်နယ် အရေး ခရီးစဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ မြန်မာနိုင်ငံကို ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်

Posted by drmyochit Friday, August 17, 2012, under | No comments



မြန်မာအစိုးရက တူရကီ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေ လတ်တ လောနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး လူသားချင်းစာနာ ကူညီမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ လှုဒါန်းခွင့်ပြုခဲ့တာဟာ ပြည်သူလူထု ခံစားနေရတဲ့ ဒုက္ခအခက်အခဲတွေကို သက်သာစေတဲ့အတွက် မြန်မာ အစိုးရရဲ့အရေးပါတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ အကြီးအကဲတစ်ဦးက ထုတ်ဖော် ပြောကြား လိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar က တူရကီ နိုင် ငံခြားရေးဝန်ကြီး Ahmet Davutoglu သွားရောက်ခဲ့တဲ့ မြန်မာပြည်ခရီးစဉ်ရဲ့ အရေးပါမှုနဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီလို အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အထောက်အကူပြုရာ ကျပါလိမ့်မယ်လို့ Vijay Nambiar က ပြောဆို လိုက် ပါတယ်။


တူရကီနိုင်ငံခြားရေးဝန်ကြီး၏ အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မှ အရာရှိများ၏ မကြားသေးမီက သွားရောက်ခဲ့သော မြန်မာနိုင်ငံ ခရီးစဉ်အား မြန်မာနိုင်ငံဆိုင် ရာကုလသမဂ္ဂထိပ်တန်းကိုယ်စားလှယ်က ကြိုဆိုလိုက်သည်။

''ယင်းသို့ အပြုသဘောဆောင်သော ခြေလှမ်းများ က မြန်မာနိုင် ငံတွင်ဆက်လက် ဖြစ်ပေါ်နေသော ဒီမိုကရေစီ အသွင် ကူးပြောင်းရေးနှင့်ပြုပြင်ပြောင်းလဲမှုကို အထောက်အကူပြုသွားလိမ့်မည်ဖြစ်ကြောင်း'' တူရကီနိုင်ငံခြားရေးဝန်ကြီး အာမက် ဒါဗူတိုဂလူဦးဆောင်သော အချက်အလက်ရှာဖွေရေး အလည်အပတ်ခရီးအပေါ်ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးဖြစ်သူ မစ္စတာ ဗီဂျေနမ်ဘီးယာ၏ ထုတ်ပြန်ချက်ကဖော်ပြသည်။တူရကီကိုယ်စားလှယ်အဖွဲ့သည် ရခိုင် ပြည်နယ်ရီးစဉ်အတွင်း ပဋိပက္ခကြောင့် ရွှေ့ပြောင်းနေထိုင်နေရသော နှစ်ဘက်ဒုက္ခသည်များ၏ယာယီစခန်များသို့ သွား ရောက်ခဲ့ပြီး တူရကီနိုင်ငံက ထောက် ပံ့လိုက်သော လူသးချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေး အပ်ခဲ့သည်။ ယင်းမှာ ကုလသမဂ္ဂအပြင်အခြားပြင်ပမှ ပေးအပ်သော ကူညီထောက်ပံ့မှုကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် လက်ခံခြင်းဖြ စ်ကြောင်း မစ္စတာ နမ်ဘီယာ၏ ကြေညာချက်တွင် ဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်