Friday, August 17, 2012

ဌာနတွင်း မကျေနပ်မှုများကြောင့် DVB သတင်းထောက်များ သပိတ်မှောက်

Posted by drmyochit Friday, August 17, 2012, under | No comments



ဌာနတွင်း အုပ်ချုပ်မှုပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ကိစ္စရပ်များကို သဘောမကျသဖြင့် လွတ်လပ်သော ဒီမိုကရက်တစ်အသံ သတင်းဌာန၏ မြန်မာနိုင်ငံအခြေစိုက် သတင်းထောက်များမှ သတင်းတစ် ပုဒ်မျှ ရေးသားရိုက်ကူးခြင်းမရှိဘဲ သပိတ် မှောက်လျှက်ရှိကြောင်းသိရသည်။ ““ အုပ်ချုပ်မှုပို င်းတာ ၀န်ခန့်အပ်မှုကို အကျေနပ်တာရယ် ဒီမိုကရက်တစ်ဆိုပြီး ဒီမိုက ရေစီမဆန်တာရယ် ပွင့်လင်းမြင် သာမှုမရှိ တာရယ်ကြောင့် ခုလိုသပိတ်မှောက်တာပါ”” ဟု အဆိုပါဌာနတွင် သတင်းထော က်အလုပ် လုပ်ကိုင်နေ သူတစ်ဦးကပြောသည်။ ယင်းကိစ္စရပ်နှင့်ပတ်သက်၍ DVB ဗဟိုဌာန အော်စလို ရုံးချုပ်သို့ အီးမေးလ်ပို့ထားပြီး ယခု မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်ထိ ရန်ကုန်မြို့ရှိ DVB သတင်းထောက် အယောက် ၃၀ လုံး ရန်ကုန်ရုံးခွဲတွင်စုစည်းပြီး အစည်းအဝေးပြုလုပ်လျှက်ရှိကြောင်း ၊ သြဂုတ်လ ၁၇ ရက်တွင် မန္တလေးမြို့မှ သတင်းထောက်များ ရန်ကုန်သို့လာရောက်မည်ဖြစ်ပြီး အားလုံးသဘောထားကို ရုံးချုပ်သို့ပေးပို့ ဖော်ထုတ် သွားမည် ဖြစ်ကြောင်းသိရသည်။

““ အခု ရုံးချုပ်က DVB ကို ပြန်ကြားရေးဌာနကလူတွေပါခန့်ပြီး လုပ်သွားမယ်လို့ပြောတယ်။ ကျွန်မတို့က ဒါကိုလက် မခံပါဘူး။ ဟိုအရင်တစ်လျှောက်လုံးကတည်းက အခက်အခဲ ဒုက္ခတွေခံပြီး ဒီအလုပ်ကို လုပ်လာရတာ။ အခု ကျွန်မတို့ အယုံအကြည်မရှိတဲ့ ဌာနနဲ့ပေါင်းပြီးလုပ်မယ်ဆိုရင် ဒါကို လုံးဝလက်မခံပါဘူး ”” ဟု DVB သတင်းထောက် တစ်ဦး ကပြောသည်။

DVB သတင်းဌာနသည် ၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်းနောက်ပိုင်း တွင် မြန်မာနိုင်ငံ၌ လူသိများလာသော သတင်းဌာနတစ်ခုဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်