Friday, August 17, 2012

ငွေကြေးအလွဲသုံးစားမှု၊ အဂတိ လိုက်စားမှု၊ သတင်းသမားဖိနိပ်မှု နာမည်ကြီးနေသော DVB သတင်းဌာနတွင်း အထက် နှင့်အောက် မပြေလည်မှု အမြင့်ဆုံးအခြေအနေထိ ရောက်ရှိလာ

Posted by drmyochit Friday, August 17, 2012, under | No comments



From:ခေတ်လူငယ်

သမ္မတရုံးခွင့်ပြုမိန့်ဖြင့် ဗဟိုဘဏ် ဖွဲ့စည်းပုံပြောင်းလဲမှု ပြုလုပ်လိုက်ကာ ဌာနအသစ်များ တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။ ပြောင်းလဲဖွဲ့စည်းမှုတွင် ဌာနအသစ်များ ထပ်မံတိုးချဲ့ခြင်းနှင့် ရှိထားပြီးသား ဌာနငယ်များအား ဌာနကြီးအဖြစ် ဆောင်ရွက်ခြင်းများ ပါဝင်သည်ဟု ဗဟိုဘဏ်စီမံခန့်ခွဲမှုနှင့် နည်းပညာဌာန ဌာနကြီးမှူး ဦးအောင်အောင်၏ ထုတ်ပြန်မှုများအရ သိရသည်။ ယခင်ရှိပြီးသား စီမံခန့်ခွဲရေးဌာနအား စီမံခန့်ခွဲမှုနှင့် နည်းပညာဌာန၊ ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်မှုဆိုင်ရာ အစရှိသည့် ကိစ္စများ ဆောင်ရွက်ရန် ရှိထားပြီးသည့် ဌာနကို ငွေရေးကြေးရေး အဖွဲ့အစည်းများ ကြပ်မတ်ကွပ်ကဲရေးနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဌာန စသည်ဖြင့် အမည်ပြောင်းလဲလိုက်ပြီး ဌာနအသစ်များအဖြစ် ငွေရေးကြေးရေး ဈေးကွက်ဌာန စသည်တို့ကို ဖွဲ့စည်းလိုက်ကြောင်း ဗဟိုဘဏ်မှ သိရသည်။ ညွှန်ကြားရေးမှူးချုပ်များ မရှိခဲ့သည့် ဗဟိုဘဏ်မှာ လက်ရှိတွင် ညွှန်ချုပ်သုံးဦးတို့မှ တူရာဌာနသုံးခုစီကို ကိုင်တွယ်၍ နေပြည်တော်နှင့် ရန်ကုန်တို့တွင် ရုံးထိုင်ကြမည်ဖြစ်ပြီး လက်ထောက်ညွှန်မှူး စသည်ဖြင့် ပြန်တမ်းဝင်အရာရှိများ၏ ရာထူးအခေါ်အဝေး အဆင့်အတန်းများကိုပါ တိုးမြှင့်ပြင်ဆင် သတ်မှတ်လိုက်ကြောင်း ဗဟိုဘဏ်ဝန်ထမ်းတစ်ဦးထံမှ သိရသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

နော်ဝေနိုင်ငံ ရဲ့ ပေးစာ ကမ်းစာ စားသောက်ပြီး ရပ်တည်လျှက်ရှိသော အော်စလို အခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (DVB) ရုပ်မြင်သံကြား တွင် ရုံးချုပ်မှ မသမာမှုများ၊ အဂတိ လိုက်စားမှုများ ကို မကြေနပ်ကြသဖြင့် မြန်မာနိုင်ငံအတွင်းရှိ DVB သတင်းထောက်များအား လုံးက သတင်းမတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အဆိုပါဆုံးဖြတ်ချက်ကို ရန်ကုန်အခြေစိုက် DVB သတင်းထောက် အယောက် ၃၀ အပါအ၀င် မြန်မာ တစ်နိုင်လုံးရှိ DVB Citizen journalist (CJ) များပါ ထောက်ခံခဲ့ကြကြောင်း သိရပြီး လွှတ်တော်သတင်း ဗွီဒီယိုကလစ်များကို လုံးဝ မပို့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ သားတင်းသမား များသည် အစိုးရထံသို့ သတင်းသမား အခွင့်အရေးများကို ဆက်တိုက် တောင်းဆို နေသော် လည်း ၎င်း တို့ကိုယ်တိုင်ကတော့ အခွင့်အရေးအပြည့်မဝ မရကြသေးပေ။ ထို့ကြောင့် ရန်ကုန်အခြေစိုက်DVB သတင်း ထောက်များက ဒီကနေ့ အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ပြသာနာ ဖြစ်ရသည့် အကြောင်းအရင်း နှင့် ရသင့်ရ ထိုက်သည့်အခွင့်အရေးများကို နော်ဝေ နိုင်ငံ အော်စလိုမြို့ရှိ DVB ရုံးချုပ်သို့ အီးမေလ်ပို့ထားပြီး ဖြစ်ကြောင်း သတင်း ရရှိ ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း DVB သတင်းဌာနအတွင်း ပြည်တွင်းသတင်း လုပ်ငန်းမှာ ငွေကြေး အလွဲသုံးစားမှု ရှိကောင်း ရှိနိုင်တယ်ဆိုပြီးဒီဗွီဘီကကြေညာချက်ထုတ်ပြန်ခဲ့ရပါတယ်။

၂ဝ၁ဝ ခုနှစ်အတွင်း ဒီဗွီဘီ ပြည်တွင်း အသုံးစရိတ်တွေမှာ အမေရိကန်ဒေါ်လာ ၃ သိန်း၊ မြန်မာကျပ်ငွေနဲ့ ဆိုရင် သိန်း ၃ ထောင်ခန့် အလွဲသုံးစားမှု ရှိနိုင်တဲ့အချက်ကို အုပ်ချုပ်ရေးဘုတ်အဖွဲ့က သိရှိပြီး စစ်ဆေးမှုတွေလုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာတဲ့စစ်ဆေးမှုမဟုတ်ခဲ့သလိုတရားခံကိုလည်းထုတ်ဖော်ကြေညာခြင်းမရှိခဲ့ပါဘူး။

ပြဿနာတွေ ဆက်တိုက် ဖြစ်လာပြီးနောက် အမှုဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင် နဲ့ ဒုတိယ အမှုဆောင် ညွှန်ြ ကားရေးမှူး ဦးခင်မောင်ဝင်းတို့ နှစ်ဦး အလုပ်ထုတ်ခံခဲ့ရပါတယ်။ နောက်ဆုံးမှာေ ငွကြေး အလွဲသုံးစားမှုများကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့ကဒီဗွီဘီရုံးကိုတောင်ပိတ်ခဲ့ရဖူးပါတယ်။

ဒါ့အပြင် DVB သတင်းဌာနဟာ ၂၀၀၇ ခုနှစ်ကလည်း သတင်းလိမ်ညာ ထုတ်လွှင့်မှုတွေ လုပ်ခဲ့သလို Burma VJ ဆိုပြီး လုပ်ကြံ ဇတ်ကားတွေလည်း အချိန်ကုန်ခံ ရိုက်ကူးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။
နော်ဝေ အခြေစိုက် DVB သတင်းဌာနဟာ ၎င်း တို့ကိုယ်တိုင် သတင်းဌာန လေး တစ်ခုအတွင်းမှာတင် လဘ်စားမှု၊ ငွေကြေး အလွဲသုံးစားလုပ်မှု၊ သတင်းသမား အခွင့်အရေး အပြည့်အဝ မရရှိမှု၊ အဂတိ လိုက်စား မှုတွေ ပြည့်နှပ် နေပေမယ့် အစိုးရကိုတော့ သန့်ရှင်းစေဖို့၊ အဂတိလိုက်စားမှု ကင်းစေဖို့၊ အခွင့်အရေး အပြည့်အဝ ပေးစေဖို့ အကြောင်းတွေကို အသားပေး ထုတ်လွှင့်လျှက် ရှိပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်