Friday, August 24, 2012

သီရီလင်္ကာ တက္ကသိုလ်များကို အကန့် အသတ်မရှိ ပိတ်ထားရန် အစိုးရအဖွဲ့ အမိန့် ပေး

Posted by drmyochit Friday, August 24, 2012, under | No comments



သီရီလင်္ကာ အစိုးရအဖွဲ့  နှင့် ပညာရေး လောကကြားတွင် တင်းမာမူများ တိုးမြင့်ပေါ်ပေါက် လာသဖြင့် နိုင်ငံတွင်းရှိ တက္ကသိုလ် အားလုံးနီးပါးကို အကန့် အသတ်မရှိ ပိတ်ထားရန် အစိုးရအဖွဲ့က အမိန့်ပေး ထားကြောင်း BBC သတင်း တွင်ဖော်ပြထားသည်။ ပညာရေး နယ်ပယ်တွင် အစိုးရအဖွဲ့ဝင်ရောက် စွက်ဖက်မူများ ပြုလုပ်နေခြင်းနှင့် ဘဏ္ဍငွေသုံး စွဲမူနည်းပါး မှုအပေါ် မကျေနပ်သောကြာင့် ပညာရေး အသိုင်းအ၀ိုင်းက နှစ်လကြာ ဆန္ဒပြမူများ ပြုလုပ်လျက်ရှိသည်။
တက္ကသိုလ် နယ်ပယ်ကို နိုင်ငံရေးနှင့် စစ်ရေးသြဇာ လွမ်းမိုးမူရှိအောင် ပြုလုပ်နေခြင်း ကိုရပ်ဆိုင်းပေးရန်၊ တက္ကသိုလ် အကြီးအ ကဲများကို ပါတီခေါင်း ဆောင်များနှင့် နီးစပ်သူများအား ခန့်အပ် နေမူကိုလည်း ရပ်ဆိုင်း ပေးရန် ပညာရေးသမဂ္ဂ အဖွဲ့ကတောင်း ဆိုထားသည်။ သို့ သော်လည်း ပညာရေး သမဂ္ဂများသည် နိုင်ငံရေး မတည်ငြိမ်မူဖြစ် အောင်ဖန်တီးပြီး အစိုးရအဖွဲ့ ကို ဖြတ်ချ နိုင်ရန် ကြိုးပမ်းနေခြင်း သာဖြစ်ကြောင်း အဆင့်မြင့် ပညာရေးဝန်ကြီး ဒစ်ဆာနာယာကီ ကစွပ်စွဲပြောကြားသည်။ ယင်းစွပ်စွဲပြောဆို မှုများနှင့် ပတ်သက်၍ ပညရေး သမဂ္ဂပြောရေး ဆိုင်ခွင့်ရှိ သူတစ်ဦးက “အစိုးရအဖွဲ ရဲ့ စွပ်စွဲပြောကြား ချက်တွေဟာ မှန်ကန်ခြင်း မရှိပါဘူး။ ကျွန်ုပ်တို့ ဟာ နိုင်ငံရေးပါတီ တစ်ခုကိုပဲ ကိုယ်စား ပြုတာမဟုတ်ဘဲ အမျိုးသားရေးအတွက် တိုက်ပွဲဝင် နေတာဖြစ်တယ် ” ဟု တုံ့ပြန်ပြောဆိုသည်။
တက္ကသိုလ် ကျောင်းသားအားလုံး နှစ်ပတ်ကြာ စစ်ရေးလေ့ကျင့် မူသင်တန်း တတ်ရောက်ရေး နှင့် ကာကွယ်ရေး ၀န်ကြီးဌာန၏ လုံခြုံရေး ကုမ္ပဏီများကို တက္ကသိုလ်များတွင် ငှားရမ်းအသုံးပြုရေး အစရှိသည့် အစိုးရအဖွဲ့ ၏ အမိန့်များကိုလည်း ပညာရေးလောက ကကျေနပ်ခြင်းမရှိပေ။ သမိုင်းမှတ်တမ်းများအရ ၁၉၇၀ နှင့် ၈၀ ပြည့်လွန်နှစ်များတွင် သီရီလင်္ကာ ကျောင်းသား လူပ်ရှားမူများ မှတစ်ဆင့် ဆင်းဟာလီအုံကြွမူများ ဖြစ်ပေါ်ခဲ့သလို တမီးလ် လွတ်မြောက်ရေး လက်နက် ကိုင်တော်လှန် ရေးများလည်း ဖြစ်ပွားခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်