Friday, August 24, 2012

မုံရွာတက္ကသိုလ် ရူပဗေဒဌာနမှ ပါမောက္ခဌာနမှူး လာဘ်စားမှုအပေါ် ကျောင်းသားများ မကျေမနပ်ဖြစ်နေ

Posted by drmyochit Friday, August 24, 2012, under | No comments



စစ်ကိုင်းတိုင်း မုံရွာတက္ကသိုလ်တွင် ရူပဗေဒဌာနရှိ ပါမောက္ခဌာနမှူးမှာ ကထိကဆရာမ တစ်ဦးနှင့်ပေါင်း၍ ကျောင်းသားများထံမှ မတရားငွေ ကြေးတောင်းခံ လာဘ်စားမှုအပေါ် ကျောင်းသားများက မကျေမနပ် ဖြစ်နေကြကြောင်း တက္ကသိုလ် ကျောင်းသားတစ်ဦး၏ သတင်းပေး ပို့ချက်အရ သိရသည်။
အဆိုပါ ဆရာနှစ်ဦးပူးပေါင်း၍ ကျောင်းသားများအား ပုံနှိပ်စာအုပ်များကို ဈေးမြှင့်ကာ မဝယ်မနေရ စနစ်ဖြင့်ရောင်းပြီး၊ Term Paper လက်မှတ်ထိုး ခများနှင့် မဟာတန်း ကျောင်းသားတစ်ဦးလျှင် ကျပ်ငွေ ၂ သိန်းစီ တောင်းခံနေကြောင်း သတင်းရရှိသည်။ " အဲဒီ ဆရာနှစ်ဦး ပေါင်းပြီးတော့ ပုံနှိပ်စာအုပ်တွေကို မတရား ဈေးမြှင့်ပြီးတော့ မဝယ်မနေရ စနစ်နဲ့ ရောင်းတယ်။ ပြီးတော့ Term Paper လက်မှတ်ထိုးခနဲ့ မဟာတန်း ကျောင်းသားတစ်ဦးစီကို ကျပ်ငွေ ၂ သိန်းစီ ကောက်ခံတယ်။ သိတဲ့အတိုင်းပဲ ကျောင်းသားတစ်ဦးအတွက် ငွေ ၂ သိန်းဆိုတာ နည်းတဲ့ဟာ မဟုတ်ဘူး။ ငွေ ၂ သိန်းမပေးနိုင်တဲ့ ကျောင်းသားတွေ အများကြီးဘဲ။ ငွေ ၂ သိန်း မပေးနိုင်တော့ လက်မှတ်ထိုး မပေးဘူးလေ။ " ဟု အဆိုပါကျောင်းသားက ယခုကဲ့သို့ ပြောသည်။ ထို့အပြင် ရူပဗေဒဌာနမှ ဆရာတချို့က အတန်းထဲတွင် ကောင်းမွန်စွာ ပညာသင်ကြား ပေးမှုမရှိဘဲ အပြင်ကျူရှင်များ ဖွင့်လှစ်ကာ အကျိုးစီးပွားရှာနေကြောင်း၊ ယခုကဲ့သို့ တက္ကသိုလ် ဆရာ/မများ လာဘ်စားမှုများ ဖြစ်ပေါ်နေခြင်းမှာ လုံလောက်သည့် လစာ မရရှိသည့်အတွက်ဖြစ်ကြောင်း ဆရာများနှင့် နီးစပ်သည့် အသိုင်းအဝိုင်း မှလာသော သတင်းအရ သိရသည်။ ယခုကဲ့သို့ လာဘ်စားမှုများ ပပျောက်အောင် နိုင်ငံတော် အစိုးရအနေဖြင့်လည်း လျှင်မြန်စွာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးစေလိုကြောင်း အဆိုပါ တက္ကသိုလ်ကျောင်းသားက သူ၏ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်