Friday, August 24, 2012

""လူမှုကွန်ယက်တွေကို အိန္ဒိယအစိုးရသတိပေးပြီ""

Posted by drmyochit Friday, August 24, 2012, under | No comments



 
လူမှုဆက်ဆံ ရေးကွန်ယက် အင်တာနက် စာမျက်နှာ တခုဖြစ်တဲ့ Twitter အနေနဲ့ လူမျိုးစုတင်းမာမှုတွေကို နောက်ထပ် မီးထိုးပေး နိုင်တယ်လို့ တာဝန်ရှိသူတွေက စိုးရိမ်တဲ့ ဖော်ပြချက်တွေကို မဖြုတ်ပစ်ဘူးဆိုရင် အရေးယူလုပ် ဆောင်မယ်လို့ အိန္ဒိယ အစိုးရက ခြိမ်းခြောက် လိုက်ပါတယ်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း အာသမ်ပြည်နယ် မှာဖြစ်ခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်း တွေကိုလက်စား ချေတဲ့အနေနဲ့ မူစလင်တွေက တိုက်ခိုက်မယ်ဆိုတဲ့ ကောလာဟလတွေ အင်တာနက်ပေါ်မှာ ပြန့်နေခဲ့ပြီး တဲ့နောက် အခု ညွှန်ကြားချက် ထွက်လာတာပါ။ အာသံပြည်နယ်က အဓိကရုဏ်းကြောင့် ဇူလိုင်လ ကတည်းကဆိုရင် လူ အယောက် ၈၀ သေဆုံးခဲ့ ရပြီဖြစ်ပြီး လူဦးရေ သုံးသိန်း အိုးအိမ်စွန့် ထွက်ပြေး နေရပါတယ်။ သတင်းမှားတွေကြောင့် အိန္ဒိယနိုင်ငံ တ၀န်းမြို့တွေက ထောင်ပေါင်း များစွာသော လူတွေဟာ သူတို့မြို့ တွေကနေ အာသံပြည်နယ် ကအိမ်တွေဆီ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြန်သွားခဲ့ကြပါတယ်။ လှုံ့ဆော်နှိုးဆွပြီး အန္တရာယ်ဖြစ်စေတဲ့ ဖော်ပြချက်တွေကို ချက်ခြင်း ဖြုတ်ပေးဖို့ အိန္ဒိယအစိုးရက Twitter ကို ကြာသပတေးနေ့ မှာ တောင်းဆိုခဲ့ပါတယ်။ အိန္ဒိယမှာ သုံးစွဲသူ ၁၆ သန်းလောက်ရှိတဲ့ Twitter အင်တာနက် စာမျက်နှာဘက် ကတုန့်ပြန်ချက် တခုခုတော့ ချက်ခြင်းထွက် မလာသေးပါဘူး။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်