Friday, August 24, 2012

သာပေါင်း ရေဘေး အခြေအနေ

Posted by drmyochit Friday, August 24, 2012, under | No comments



 
သာပေါင်း မြို့နယ်မှာ ရွာလေးရာ လောက်ရှိတဲ့ အနက် ၃ဝ၅ ရွာမှာ ဝါးတပြန်လောက် ရေမြုပ် နေတာ တလ ရှိနေပြီလို့ သွားရောက်ကူညီသူ တွေက ဆိုပါတယ်။ ဖြစ်ရိုး ဖြစ်စဉ် ရေကြီးမှုလို့ အစိုးရ ဘက်က ဆိုပေမယ့် အခြေအနေ ဆိုးတယ်လို့ မြန်မာ့ လူမှု ဘဝ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက်က ကိုနေမျိုးဇင်က ပြောပါတယ်။
မျိုးစပါးနဲ့ ဝမ်းစာ စပါးတွေ ရေစို ပျက်စီး ကုန်လို့ အခြေခံ လူတန်းစား တွေ အခက်ကြုံ နေပြီး ဆန်ပြုတ်သောက် ငါးမျှားစား နေရတယ်လို့ သိရပါတယ်။ အိမ်ခေါင်မိုး တွေပေါ်မှာ ကလေးတွေကို လင့်စင်ထိုး တင်ထားရ တာမို့ ချိနဲ့ နေတာ တွေ့ရပါတယ်။ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့က သင်္ဘာနဲ့ သာပေါင်းထိ ရိက္ခာ လာချပေမယ့် အစိုးရ အကူအညီတော့ မမြင်ရ သေးဘူးလို့ ကိုနေမျိုးဇင်က ပြောပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်