Friday, August 24, 2012

စက်တင်ဘာ ၁ ရက်နေ့မှ စတင်၍ ပြည်တွင်း MPU Debit Card များ စတင် သုံးစွဲနိုင်မည်

Posted by drmyochit Friday, August 24, 2012, under | No comments


 


ပြည်တွင်းရှိ ဘဏ် ၁၇ ဘဏ်က ပူးပေါင်း တည်ထောင်ထားသည့် MPU (Myanmar Payment Union) ၏ Debit Card များကို စက်တင်ဘာ ၁ ရက်နေ့တွင် စတင်ကာ သုံးစွဲနိုင် မည်ဖြစ်ကြောင်း အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် (AGD) မှ သတင်း ရရှိသည်။ အဆိုပါ Debit Card များကို MPU အဖွဲ့ဝင် ဘဏ်များ၏ ATM စက်များတွင် ငွေထုတ် ယူနိုင်ခြင်းနှင့် MPU ကတ် လက်ခံသော ဆိုင်များတွင် ဈေးဝယ်ယူ နိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။ ယခင်က ထုတ်ပေးထားသော ATM ကတ်များကိုမူ သက်ဆိုင်ရာ ဘဏ်များက ၎င်းတို့၏ အစီအစဉ်ဖြင့် MPU ကတ်များနှင့် လဲလှယ်ပေးသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ဘဏ်များအသင်းက MPU စီမံခန့်ခွဲမှု ကော်မတီတစ်ရပ်ကို ၁၅-၉-၂၀၁၁ ရက်တွင် စတင် ဖွဲ့စည်းခဲ့သည်။ ထို့နောက် MPU သည် ၂၀၁၂ ဇူလိုင်လအတွင်း Test ကတ်များဖြင့် စမ်းသပ်သုံး စွဲမှုများကို ပြုလုပ်ခဲ့ပြီး စမ်းသပ်ကာ လကိုလည်း ရက်သတ္တပတ် ခြောက်ပတ်မျှသာ အချိန်ယူခဲ့ကြောင်း သိရသည်။ MPU Debit ကတ်များ သုံးစွဲရာတွင် အနည်းဆုံး ကျပ် ၁၀၀၀၀ မှ အများဆုံး သိန်း ၅၀ အထိ သတ်မှတ်ကာ သုံးစွဲခွင့် ပြုထားသည်။ အာရှဒေသတွင်းရှိ နိုင်ငံများနှင့် ဘဏ်များအလိုက် ကတ်များကို ထုတ်ဝေအသုံးပြု လျက်ရှိရာတွင် ဂျပန်နိုင်ငံမှ JCB ကတ်နှင့် တရုတ်နိုင်ငံမှ CUP ကတ်တို့မှာ အထူး ထင်ရှားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်