Friday, August 24, 2012

""ဒယ်အိုးဆရာတော်""ဥူးသုမင်္ဂလ တိုကျိုနာရီတာ လေဆိပ်မှာဘာတွေပြောခဲ့သလဲ

Posted by drmyochit Friday, August 24, 2012, under | No comments



 
မြန်မာနိုင်ငံအနှံ့ ဗုဒ္ဓဘာသာ ဖြစ်လာရခြင်း၊ ယခုလက်ရှိ အသုံးပြုနေသော မြန်မာစာပေ သည်ရခိုင်မှ အစပြုခဲ့ပြီး တဖြည်း ဖြည်း မြန်မာနိုင်ငံ နေရာအနှံ့တွင် ပြန့်ပွားခဲ့သည်ဟု ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလက ဂျပန်နိုင်ငံ နာရီတာ လေဆိပ်မှာ ပြောကြား သွားခဲ့သည်ကို သိရသည်။" ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ရောက်တာဟာ ပထမဆုံး ရခိုင်ပြည်ကို ရောက်တာပါ။ ရခိုင်ကနေပြီးမှ သာသနာဟာ မြန်မာနိုင်ငံကို တဆင့်ဆင့် ပြန့်ပွားလာတာပါ။ ဦးဇင်းတို့က သမိုင်းကို ညာလို့မရဘူး။ ညာချင်လို့လည်း မရဘူး။ သီဟိုကျွန်းကို သာသနာ ရောက်လာတယ်။ သီဟိုနဲ့ ရခိုင်ဟာ တစ်ချိန်က ကူးသန်းရောင်းဝယ်မှု စီးပွားရေးအရ ဆက်နွယ် မှုရှိခဲ့ကြတယ်။ ရခိုင်ပြည်ရဲ့ မြောက်ဦးမြို့ဟာ ကမ္ဘာ့ ကုန်သွယ်ရေး မြို့တော်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန် ကတည်းက မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ သာသနာစ ရောက်ခဲ့ပါတယ်။ အခု လက်ရှိသုံးနေတဲ့ မြန်မာစာပေ ဟာလည်း ရခိုင်စာဖြစ်တယ်။ ရခိုင်စာကို အခြေခံပြီး မြန်မာစာပြောင်း လိုက်တာဖြစ်ပါတယ်။ သမိုင်းကို ညာလို့မရဘူး။ ဒါကြောင့် ရခိုင်တိုင်း ရင်းသားတွေကို ကာကွယ် စောင့်ရှောက်ဖို့ မြန်မာတစ် နိုင်ငံလုံးမှာ တာဝန်ရှိတယ်။ သက်ဆိုင်ရာအာဏာ ပိုင်တွေသာမက မြန်မာတစ်မျိုး သားလုံးမှာ တာဝန်ရှိတယ်။ ရခိုင်လူမျိုးကို ကာကွယ် တာဟာလည်း မြန်မာတစ်မျိုး သားလုံးကို ကာကွယ်တာနဲ့ အတူတူပါပဲ။ " ဟု ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလက ပြောသည်။ ရခိုင်ပြည်တွင်း ဖြစ်ပွားခဲ့သော ပြဿနာများမှာ လူမျိုးရေး အရလည်းမဟုတ်၊ ဘာသာရေးအရ လည်းမဟုတ်ဘဲ နယ်စပ်စည်း လုံခြုံမှုမရှိ ခြင်းကြောင့် တစ်ဖက်နိုင်ငံက ကျူးကျော်လာသော လူအုပ်စုတစ် ခုကြောင့်သာ ဖြစ်သည်ဟု ဆရာတော် ဥူးသုမင်္ဂလက ဆက်လက်ပြီး သုံးသပ်ထားသည်။ ယခုလူအများ သိနေကြသော ရခိုင်ပြည်နယ်မှာ တချိန်က ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင်အချုပ် အချာအဏာဖြင့် အုပ်ချုပ် လာသော တိုင်းပြည်နိုင်ငံ တစ်ခုဖြစ်ကြောင်းနှင့် ဆန်ရေစပါးများ ပေါကြွယ်ဝ၍ ချမ်းသာဝဖြိုးသော နိုင်ငံတစ်ခုဖြစ်ပြီး၊ ဗမာ ဘုရင်ဘိုးတော် မောင်ဝိုင်း၏ မတရားကျူးကျော် တိုက်ခိုက်ခြင်းကြောင့် အေဒီ ၁၇၈၄ ခုနှစ် ဒီဇင်ဘာလ
၃၁ ရက်နေ့တွင် ရခိုင့်အချုပ်အချာ အာဏာကျဆုံးခဲ့သည် သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်