Friday, August 24, 2012

ကချင်ပြည်နယ် အစွန်အဖျားရှိ တာဝန်ကျ ဆရာ၊ ဆရာမများအား စစ်ရဟတ်ယာဉ်နှင့် ပို့ပေးနေဟု အစိုးရ အဖွဲ့ဆို

Posted by drmyochit Friday, August 24, 2012, under | No comments



 
ကချင်ပြည်နယ် အစွန်အဖျား ဒေသအချို့ရှိ ကျောင်းများတွင် တာဝန်ကျ ဆရာ၊ ဆရာမများကို စစ်ရဟတ်ယာဉ်များဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့က ပို့ဆောင်ပေးသည်ဟု သိရသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့အဖွဲ့ဝင် ဝန်ကြီး ဒေါ်ဘောက်ဂျာက “တိုင်းမှူးရယ်၊ ဝန်ကြီးချုပ်ရယ်၊ ကျွန်မတို့တွေရယ် ပန်ဝါကို သွားတုန်းက အဲဒီနေရာအတွက် လိုအပ်တဲ့ ဆရာ၊ ဆရာမ ငါးဦးကို ဒီရက်ပိုင်းမှာပဲ ခေါ်သွားပြီး တာဝန်ချထား ပေးခဲ့ပါတယ်” ဟု ပြောသည်။ စစ်ဘေးကြောင့် မဖွင့်နိုင်ခဲ့သည့် ကျောင်းများမှာ လက်ရှိတွင် တည်ငြိမ်မှု အချို့ ရှိနေပြီဖြစ်၍ လိုအပ်နေသည့် ဆရာ၊ ဆရာမများကို တာဝန်ချ ထားပေးခြင်း အပါအဝင် နောက်ထပ် လိုအပ်သော နေရာများကိုပါ ဆောင်ရွက် ပေးသွားမည်ဟု ကချင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။ ဝန်ကြီး ဒေါ်ဘောက်ဂျာက “အဓိကကတော့ ငြိမ်းချမ်းရေးပါပဲ။ ဒါရရင် ဒီလို အဖြစ်မျိုးဆိုတာ ရှိမှာ မဟုတ်ပါဘူး” ဟု လက်ရှိအနေ အထားကို ရှင်းပြသည်။ သွားလာရ ခက်ခဲသော နယ်စွန်နယ်ဖျား ဒေသများသို့ ဆရာ၊ ဆရာမများအား ပို့ဆောင် ပေးရာတွင် ကျောင်းအတွက် လိုအပ်သော ငွေကြေးရန်ပုံငွေ အပါအဝင် လစာစရိတ် ပံ့ပိုးကူညီ ပေးမှုကိုပါ ကချင်ပြည်နယ် အစိုးရမှ ပူးတွဲ ဆောင်ရွက်ပေး ခဲ့သည်ဟု သိရသည်။ ကချင်ပြည်နယ်တွင် စစ်ရှောင်စခန်း ၆၇ ခု ရှိနေပြီး စစ်ဘေးဒုက္ခသည် နှစ်သောင်းခြောက် ထောင်ကျော်တွင် ကျောင်းသား၊ ကျောင်းသူမှာ ခြောက်ထောင်ကျော် ရှိနေကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်